Sunday, October 14, 2012

ကလောမြို့နယ်တရားရုံးမှ ဆရာတော်ဦးဥတ္တမအားပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင်ရှေ့နေပြော

Posted by drmyochit Sunday, October 14, 2012, under | No comments



မိုးပြားဂိုဏ်း ဒုတိယခေါင်းဆောင် အဖြစ်လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ်စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြစ်မှ လူဝတ်လဲခြင်းခံရကာ သာသနာတော်အကြည်အညိုပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလော မြို့နယ်တရားရုံးမှ တရား စွဲဆိုပြစ်ဒဏ် ချမှတ်ခဲ့သည့် ဆရာတော်ဦးဥတ္တမ၏ အမှုဖြစ်စဉ်အပေါ် မီဒီယာ အချို့၏ရေးသားဖော်ပြချက်မှားယွင်းကြောင်းနှင့် ယင်းအမှုဖြစ်စဉ်သည် တရားဥပဒေနည်းလမ်းအရဆောင် ရွက် ချမှတ်ခဲ့သည့် အမှုဖြစ်စဉ်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ အောက်တို ဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီကရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို အမှုအား တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ အပါ အ၀င် အောင်ပန်းမြို့ခံအချို့၊ ဆရာတော်ဦးဥတ္တမနှင့် ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် ဆရာတော် သံဃာတော်များ၊ရန်ကုန်မြို့ရှိ ဆရာတော်ဦးဥတ္တမ၏ တပည့်သာဝကအချို့မှ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်ဦးဥတ္တမအား ပုဒ်မ ၂၉၅(က)ဖြင့်ထောင်ဒဏ် ၂ နှစ် ချမှတ် သည့် သတင်းမှာ မှန်ကန်သော်လည်း ထိုပြစ်ဒဏ်ချမှတ်မှုသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက် စာအမှတ် ၁၉၁(၀ိ-ထွေ)-၁၃/၂/၀ိ-မဟန ဖြင့် ဆရာတော်ဦးဥတ္တမသည် မိုးပြာဂိုဏ်းဝင်မဟုတ်ကြောင်း တရားဝင် ထုတ်ပြန် ထားခြင်း အပေါ် တရားရုံးမှ အမှုစီရင်ခြင်းဖြစ်ကြောင်း၊သာသနာညိုးနွမ်းအဖြစ် ဆရားတော်ဦးဥတ္တမ ရေးသားခဲ့သည့် စာအုပ်တစ်အုပ် မှစကားလုံး တချို့သည် သာသနာ ပျက်စီးအောင် လုပ်ခြင်းဟု ဆိုကာ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးခဲ့သူ တရားလိုရှေ့နေ ဦးကျော်ဌေး က ပြောကြားသည်။

အဆိုပါ အမှုအား တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်