Sunday, October 14, 2012

ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံသို့ သမ္မတဦးသိန်းစိန် တက်ရောက်

Posted by drmyochit Sunday, October 14, 2012, under | No comments


ယနေ့ နေပြည်တော်တွင် ကျင်းပနေသြော
ပည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပထမအကြိမ် အထွေထွေ ညီလာခံဖွင့်ပွဲ အခမ်း အနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတနှစ်ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။ သမ္မတဦးသိန်းစိန်သည် အခမ်းအနားသို့ နံနက် ၉နာရီ ၀န်းကျင် တွင် ရောက်ရှိလာကာ ၁၀ မိနစ်ခန့်အကြာ ပါတီဝင်များအားနှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။

နိုင်ငံတော်ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးအဖွဲ့ ၀န်ကြီး အားလုံးတို့လည်း အဆို ပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ သမ္မတ ဦးသိန်း စိန်သည် ပါတီဝင် များ အား တစ်ဦးချင်းနှုတ်ဆက်ရင်း "ပါတီဝင်တွေအားလုံး မတွေ့တာကြာပြီ၊ အဆင်ပြေကြရဲ့လား" ဟုလည်း မေးမြန်းနှုတ် ဆက်သွားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံကို အောက်တိုဘာ ၁၄ ရက် မှ ၁၇ ရက်အထိ ကျင်းပသွား မည်ဖြစ် သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်