Sunday, October 14, 2012

KIA အတွက်ဦးနှောက်ရှိသော ခေါင်းဆောင်တစ်ဦး အမြန်အလိုရှိသည်

Posted by drmyochit Sunday, October 14, 2012, under | No comments



မြန်မာနိုင်ငံ တစ်နံတစ်လျား ငြိမ်းချမ်းရေးရဲ့ အရသာ၊ အသီးအပွင့်တွေ ခံစားနေ ရပေမယ့် ကျုပ်တို့ ကချင်ပြည်နယ် မအေးချမ်းသေးဘူးဗျာ…ဒါဘာကြောင့်လဲ…အဖြေကရှင်းပါတယ်… ကချင်ပြည်နယ် ယမ်းငွေ့ဝေနေတာ KIA ခေါင်းဆောင်တွေရဲ့ ၀မ်ပေါင်နိုင်ငံထူထောင်ဖို့ လေထဲတိုက်ဆောက်ချင်တဲ့ အိမ်မက်ကြောင့် ပါပဲ။ KIA ကို ခြယ်လှယ်နေတဲ့သူ(၄)ဦးလုံးက ငြိမ်းချမ်းရေးမလိုလားကြဘူး။ ဒါကြောင့် တစ်ဦးချင်း အကြောင်း ကို လေ့လာကြည့် မှဖြစ်တော့မယ်… 


ဇောင်းဟရား (ဥက္ကဌ)။ သူကအသက်ကြီးပြီ၊ အဖွဲ့အပေါ်မှာ သူ့ရဲ့သြဇာ မရှိတော့ဘူး။ အရှိန်ကုန်သွားတဲ့ မျှားလိုပဲ။ ခဏနေရင် ရပ်ပြီး…ဘုတ်ဆို ပြုတ်ကျတော့မယ်။ ဥက္ကဌဆိုပေမယ့် အင်ဘန်လနဲ့ ဂမ်ရှောင်တို့ရဲ့ ကြိုးဆွဲရာကရတဲ့ရုပ်သေးလို…. ပုတ်သင်ညိုလို…. ခေါင်းညိတ်တဲ့အဆင့်ပဲ ရှိတော့တယ်။ 




အင်ဘန်လ (ဒုဥက္ကဌ)။ သူကလူမျိုးရေးစိတ်ဓါတ်ပြင်းထန်လွန်းတယ်။ မျက်ကန်းမျိုးချစ်ပေါ့ဗျာ၊ ၀မ်ပေါင်နိုင်ငံ အိပ်မက်ကို သူကစမက်ခဲ့တာ။ မွေးကတည်းက သေနက်ကိုဖက်မွေးလာတာဆိုလားပဲ (သူ့ကိုသူပြော တာပါ)ခေတ်သစ် ကချင်စစ်သွေးကြွ နလပိန်းတုံးကြီးပေါ့ဗျာ။ ပြောမယ့်သာပြောရတာ နလပိန်းတုံးကြီး ဆိုပေမယ့် စီးပွားရေးကျတော့ အတတ်သားပဲ၊ တစ်နိုင်ငံလုံးပိုင်တဲ့ ကချင်ပြည်နယ် ထဲက ကျောက်စိမ်းတွေ ကို ထုတ်ပြီး ဟိုဘက်နိုင်ငံကိုပို့တယ်။ ပြီးတော့ စင်္ကာပူတို့ ယိုးဒယားတို့အထိ သယ်ပြီးရောင်းတယ်၊ KIA တစ်ဝက် သူတစ်ဝက်ပေါ့ဗျာ။ ဒီနေရာမှာတော့ မပိန်းဘူးဗျ။ အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီးတော့ လည်းမှတ်တမ်းကောင်းရှိတယ်။ ၁၉၉၆လောက်က မြစ်ကြီးနား မြို့နယ် ပမ္မတီးရွာက ဆင်တစ်ကောင် ကိုခိုးပြီး တရုတ်ဘက်မှာ ယွမ် ၁၀သိန်းနဲ့ သွားရောင်းစား ခဲ့ဖူးတယ်။ ဒီလောက်ဆို အင်ဘန်လအကြာင်း သဘောပေါက် ပါတော့ဗျာ။ 

ဂမ်ရှောင်(စစ်ဦးစီးချုပ်)။ သဘောထားတင်းမာတာကတော့ ကမ်းကုန်ပဲ၊တင်းလွန်းလို့ ပြတ်ထွက် တော့မယ်။ ဒုတိယမျက်ကန်းမျိုးချစ်တစ်ယောက်ပေါ့ဗျာ။ သူ့လက်အောက်ကသူ့ကို ပေးထားတဲ့ နာမည်ပြောင် (Nick Name)က အတွေ့မရှောင်ဂမ်ရှောင်တဲ့၊ ဘာလို့ပေးထားလဲဆိုတော့ KIA အမျိုးသမီး သက်တော်စောင့်အဖွဲ့ကလီဆူးလူမျိုး အမျိုးသမီးတပ်ဖွဲ့ဝင်လေးကို ခြေတော်တင်လိုက်တာ ကစပြီး သူ့အနားက ချောချော လှလှလေးတွေကို အလွတ်မပေးတတ်လို့ ဒီနာမည်တွင်သွားခြင်း ဖြစ်ပါသတဲ့ဗျာ။ သူက ၁၉၉၀ နှစ်ကုန်ပိုင်းလောက် ဖားကန့်ဘက်မှာ ဖြစ်ခဲ့တဲ့ သမိုင်းဝင် စပေါ့အရေးအခင်းကို ကြိုးကိုင်ခဲ့သူ၊ အပြစ်မဲ့အရပ်သား ၅၀ ကျော်ကို ရက်ရက်စက်စက် သတ်ခဲ့သ၊ူ အလောင်းတွေကို ဥရုချောင်းထဲ ပစ်ချခဲ့သူ၊ အသတ်ခံရသူတွေရဲ့ ဆွေမျိုးတွေကို လာကြည့်ခိုင်းခဲ့သူ၊ ဒါကြောင့် ငြိမ်းချမ်းရေးရရင် ကြိုးစင်ပေါ်တတ်ရမှာ သူ့ကိုယ်သူသိတယ်။ အတိတ်က တစ္ဆေ သူ့ကိုခြောက်နေတယ်။ သေတဲ့အထိ ငြိမ်းချမ်းရေးစကားပြောမယ်မထင်ဘူး။ ငြိမ်းချမ်းရေးဟာ သူ့အတွက်သေမင်းပဲ။ 

ဂွမ်မော်(ဒုတိယစစ်ဦးစီးချုပ်၊ ဂမ်ရှောင်ရဲ့တပည့်)။ မျက်နှာကပြုံးနေပေမယ့် စိတ်ရင်းအလွန် ကောက်ကျစ် တဲ့သူ၊ သာလိကာလို စကားတတ်တယ်။ မသိရင် ၃/၄ တန်းကလေးတွေတော့ သူ့စကား ကိုအဟုတ် ထင်မယ်။ သမိုင်းလိမ်တွေကို လူယုံကြည်အောင်ပုံတိုပတ်စတွေနဲ့ တန်ဆာဆင် ပြောတတ်တယ်။ သူ့မှာ ကောင်းကွက် တစ်ခုရှိပါတယ်။ ဒါက သူ့ဆရာဂမ်ရှောင်နဲ့တူတဲ့ အပျော်အပါး မက်မောလွန်းခြင်းပဲ။ မယား ငယ်တွေ အများကြီးရှိတယ်။ နံပါတ် ၂၀ မြောက် မယားငယ်က ကလေးပျက်ကျပြီး သေသွားခဲ့ဖူးတယ်။ ဒီလောက် ဆိုဂွမ်မော်ရဲ့ လက်စ၊ လက်နကို သိလောက်ပြီ ထင်ပါတယ်။ 


KIA မှာဒီလိုခေါင်းဆောင်တွေ ကြီးစိုးနေသမျှတော့ ကချင်ပြည်နယ်ငြိမ်းချမ်းပါ့မလားဗျာ။ ကျုပ်တို့ ကချင်ပြည်သူတွေနား လည်ထားတာက၊ ကချင်လူထုနဲ့ KIA ဟာ သီးခြားစီပါ။ ကျုပ်တို့ ကချင်ပြည်နယ် ကိုလဲ ဒီအဖွဲ့က ကိုယ်စားမပြုဘူး။ တကယ်တမ်း ထိရောက်တဲ့စကားလုံးရွေးပြောရရင် ဓါးပြသာသာ ပဲရှိတဲ့ အဖွဲ့ပါ။ မူးယစ်ဆေးဝါးလုပ်တယ်ဗျာ။ လူသတ်တယ်ဗျာ။ ၀ရမ်းပြေးအဖွဲ့လို့ပြောရင်လဲရတယ်။ တိုင်းရင်းသား အချင်းချင်း ပြန်သတ်ခိုင်းတယ်။ ဘုမသိ၊ ဘမသိအရပ်သားတွေကို မိုင်းထောင်ခိုင်းတယ်။ စစ်ရာ ဇ၀တ်မှုတွေ ကျူးလွန်တယ်။ ဒီလို လူတွေကို KIA ရဲ့ ခေါင်းဆောင်တွေလို့ စစ်တပ်ကရော ယူဆပါ့မ လားဗျာ။ ကချင်လူမျိုးကောင်းစားရေး အသံကောင်းဟစ်ပြီး တစ်ခါလာလဲ စစ်တပ်ရဲ့ တပ်ချုပ်နဲ့တွေ့ ချင်တယ်၊ ဒုတပ်ချုပ်နဲ့တွေ့ချင်တယ်နဲ့ တွေ့ချင်တဲ့နေရာကျတော့လဲ အမေကျော်ဒွေးဒေါ်လွမ်း…. တရုတ် ဘက်ခြမ်း မှာတဲ့…. ဒီလို စစ်ရာဇ၀တ်ကောင် တွေကို စစ်တပ်က လူကြီးတွေကရော လက်ခံတွေ့ ချင်ပါ့မ လားဗျာ။ 
ဒီလောက် ကချင်တိုင်းရင်း သားတွေ ငတ်ပြတ်သေကြေပြီး ဒုက္ခပင်လယ်ဝေနေတာတောင် ကိုယ့်လူမျိုး အချင်းချင်းပြန် မကြည့်တဲ့ အဖွဲ့၊ကိုယ့်ဒေသကောင်း ရာကောင်း ကျိုးအတွက် ငြိမ်းချမ်းရေး လုပ်သင့်ပါလျက် ခေါင်းမာ နေတဲ့အဖွဲ့၊ KIA ကောင်းစားရေး အတွက် ကချင်တွေရဲ့သွေးနဲ့စတေးနေတဲ့အဖွဲ့၊ မင်းတို့ကိုတော့ စစ်တပ် ကအပြုတ် တိုက်မှ ပဲအေးမယ်။ ပွင်းလင်း ရာသီမှာ စစ်တပ်က ထိုးစစ် ဆင်လာမှာ ကြောက်ပြီး မဟား ဒရား လူသစ်တွေစု တပည့်တွေ ကလဲ ဆရာတွေ အတိုင်း(အတွေ့ မရှောင် ဂမ်ရှောင်ရဲ့ တပည့်များ ပီသစွာ) လူသစ်စုရင်း စိတ်မထိန်းနိုင်လို့ သူများသမီးပျိုရော၊ လင်ရှိမိန်းမပါ မချန် မဒိမ်းကျင့်၊ ကောင်းရော ဗျာ၊ ရှက်စရာ လဲကောင်း ပါတယ်၊ ရင်နာ စရာလဲကောင်း ပါတယ်။ 
ဒီလို အခြေအနေတွေကိုသိတဲ့စစ်တပ်ကတော့နောင်လာနောက်သားတွေKIA ကိုကြည့်ချင်ရင် ပြတိုက်မှာ သာသွားကြည့် ရအောင် အမှုန့်ချေ ပစ်ဖို့ ရည်ရွယ်ထား ဟန်တူပါတယ်။ ဒီလိုမှ မလုပ်လဲ ကချင်ပြည်နယ် ပျက်ဆီးတော့မယ်။ ဒါကြောင့် ကချင်ပြည်နယ် ယမ်းငွေ့ပျယ်စေဖို့လက်ရှိ KIA ခေါင်းဆောင်ဆိုတဲ့ ငတိတွေကို ရှင်းပစ်ပြီး အမှန်တကယ် ကချင်လူထုအကျိုးလိုလားတဲ့၊ ငြိမ်းချမ်းရေး တည်ဆောက် လိုတဲ့ဦးနှောက် ရှိသော KIA ခေါင်းဆောင်တစ်ဦး အလိုရှိကြောင်းအင်တာနက်မှာ ကြော်ငြာကပ် လိုက်ရပါ တယ်။ 

မြစ်ကြီးနားက၊ ကချင် ကျောင်းဆရာဟောင်းတစ်ဦး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်