Sunday, October 14, 2012

ထမင်းငတ်ပြီး အသေခံတော့မှာလား ညီနောင်သွေးချင်းတို့…..

Posted by drmyochit Sunday, October 14, 2012, under | No comments



ဂျိန်းဖော၊ ဇိုက်ဝါး၊ လော်ဝေါ်၊ လာချိတ်၊ ရ၀မ်၊ လီဆူးစတဲ့ မျိုးနွယ်စု ၆ စုပါဝင်တဲ့ ကချင်လူမျိုးစုကြီးကို လွမ်းမိုး ဘို့ KIA ထဲက ဂျိန်းဖောတွေက ကြိုးစားခဲ့ပါတယ်။ ကချင်တွေရဲ့ ရုံးသုံးစကားကိုလည်း ဂျိန်းဖော် ဘာသာ သတ်မှတ် ခိုင်းတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ယဉ်ကျေးမှုနှင့် နေတဲ့ အခြား လူမျိုး စုတွေနဲ့ ပြဿနာ တက်ကုန်တော့ တာပေါ့။ အဲဒါ မီးစလေ….. သိတဲ့ သူတွေက သိကြပါတယ်။ 
ဇိုက်ဝါးတွေကတော့ ဂျိန်းဖော်တွေရဲ့ သေဆိုသေ ရှင်ဆိုရှင်နဲ့ မျိုးတောင် တုံးသလောက်ဖြစ်နေပါပြီ။ 

ပထမအစီ အမံကတော့ ၂၀၁၂ ခုနှစ်၊ အေပြီလကုန်မှာ လောဝေါ်နဲ့ လာချိတ်တွေ အများဆုံးနေထိုင်တဲ့ ချီဖွေ၊ လုပီ၊ ပန်ဝါ၊ ဂန့်ဂွင်း၊ ဖီမော်ဒေသကို KIA အင်အားအလုံးအရင်းနဲ့ ၀င်ပြီး ရှာဖွေကာ ယောင်္ကျားတွေ ကို အတင်း အဓမ္မ ဖမ်းဆီးခေါ် ဆောင်ပြီး အင်အား တိုးချဲ့တယ်။ မိန်းမ အသက်ကြီး ရွယ်အိုနဲ့ ကလေးတွေ ကို တရုတ်နိုင်ငံထဲ မောင်းထုတ်ပြီး စီးပွားပျက် အောင်၊ စိုက်လို့ ပျိုးလို့ မရအောင် လုပ်လိုက်တယ်။ ပြီးတော့ မြစ်ကြီးနား ကနေ ချီဖွေ၊ ပန်ဝါကိုလာတဲ့ လမ်းတစ်လျှောက်မှာ ရှိတဲ့ တံတားအကြီးကြီးတွေကို မိုင်းခွဲပြီး ချိုးလိုက် တယ်။ တရုတ်နိုင်ငံ ဘက်က ၀င်လာ လို့ရတဲ့ နယ်စပ်ကျောက်တိုင် (၅/၆/၇) တွေမှာ နေရာယူပြီး ပိတ်ထား လိုက်တယ်။ တရုတ်ဘက်ခြမ်းက နယ်ခြားစောင့်ရဲနဲ့ ကုန်သည်တွေနဲ့ ပေါင်းပြီး မြန်မာ ဘက်ခြမ်း ကို ဆန်လုံးဝ မရောင်းဖို့ ပိတ် လိုက်တယ်။ ဒီလော်ဝေါ်နဲ့ လာချိတ်ဒေ သကို ဘယ်လမ်းကြောင်း ကမှ စားနပ် ရိက္ခာဝင် လာလို့ မရတော့ဘူး။ စစ်တပ်က သူတို့ဖာသာ သူတို့ လူနဲ့ သယ်လိုက်။ ရဟတ်ယာဉ်နဲ့ ပို့လိုက်နဲ့။ ပူစရာမရှိဘူး။ ဒါဆို KIA ဘယ်သူတွေကို ငတ်ပြတ်ပြီး မျိုးတုံးအောင် လုပ်နေတာလဲ သွေးချင်းတို့ စဉ်းစားကြပါ။ 
နောက်ထပ် ကျန်သေးတယ်။ ရ၀မ်တွေ၊ လီဆူးတွေ အများဆုံးနေထိုင်တဲ့ ပူတာအို၊ မချမ်းဘောဒေသကို သွားလို့ ရတာ ဒီကားလမ်းတစ်ခုဘဲ။ မလိခရေလမ်းကြောင်းက ဆွမ်ပရာဘွမ်နားကို မနည်းရောက်အောင် သွားရ တယ်။ ပူတာအို လမ်းကြောင်းပေါ်မှာ ရှိတဲ့ အရှည်ဆုံးတံတား ဖုန်အင်ခနဲ့ ဒရုခတံတားတွေကို မိုင်းခွဲ လိုက်တယ်။ လမ်းလွဲ ကနေ မရမက သွားမယ် ဆိုပြီး တက်လာတဲ့ ကုန်ကားတွေကို တားပြီး ပြန်လွှတ် တယ်။ ပါလာတဲ့ ဆန်အိတ်တွေကို ဓားနဲ့ခွဲပြီး ရွံ့ဗွက်ထဲ သွန်ပစ်တယ်။ ဘာစားသောက်ကုန်မှကို သယ်ခွင့် မပေးတော့ဘူး။ ဆန်ရှားနေတာ ၆ လလောက်ရှိနေပြီ။ ပြည်နယ် အစိုးရနဲ့ စစ်တပ်က လေယာဉ်နဲ့ ပို့ပေးလို့ ၀န်ထမ်းနဲ့ မြို့ပေါ်နေ သူတွေအတွက် အဆင်ပြေပေမယ့် မြို့နဲ့အလှမ်း ဝေးတဲ့ ရွာတွေက ရ၀မ်နဲ့ လီဆူးတွေ အရမ်းဒုက္ခရောက်နေကြပြီ။ 
တံတားတွေကို မိုင်းခွဲတာ စစ်ရေးအရ လုပ်တာပါလို့ KIA ကပြောတယ်။ ဒါပေမယ့် စစ်တပ်အတွက်က ဘာမှ အဟန့် အတား မဖြစ်ခဲ့ဘူး။ ကြိုက်တဲ့နေရာမှာ သွားလို့ရတယ်။ ပြည်သူတွေဘဲ အစာရေစာပြတ် လပ်နေတာ အခုဆိုရင် နိုင်ငံတ ကာကပါ သိနေပြီ။ 

ဒီတော့ ညီနောင်သွေး ချင်းတို့ KIA ရဲ့ ပြုသမျှကို ခေါင်းငုံ့ခံပြီး အစာရေ စာမပြတ် ထမင်းငတ်လို့ အသေခံကြတော့ မှာလား. ကိုယ်လူမျိုးစုတွေ ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့် နေတော့မှာလား… ဒါဖြင့် ဘာလုပ်ကြ မှာလဲ။ လော်ဝေါ်၊ လာချိတ်၊ လီဆူး၊ ရ၀မ် ညီနောင်တို့ ထကြွနိုးကြားကြဖို့ အချိန်တန်ပြီ.. 


ဘုရားသခင်ကောင်းချီးပေးပါစေ…. 
ဖရဲကိတိန့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်