Sunday, October 14, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ဥက္ကဌနေရာ ရွှေးချယ်သွားနိုင်ဖွယ်ရှိ ဟုဆို

Posted by drmyochit Sunday, October 14, 2012, under | No comments



အောက်တို ဘာလ ၁၄ ရက်တွင် စတင် ကျင်းပမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပထမ အကြိမ် ပါတီ ညီလာခံ (၂၀၁၂) တွင် လစ်လပ် လျှက်ရှိသော ဥက္ကဌနေ ရာကို ရွှေးချယ် သွားနိုင် ဖွယ်ရှိ သည် ဟုယင်း ပါတီမှ တာဝန်ရှိ သူတစ်ဦး ကပြောသည်။

“ဥက္ကဌ သစ်ပြန်ရွေး မယ်လို့အတိ အကျကြီးတော့ပြော လို့မရသေးဘူး။ တကယ်လို့ရွေး ဖြစ်ခဲ့မယ် ဆိုရင် ဥက္ကဌနေ ရာအတွက်ဖြစ်နိုင်ချေ အများဆုံးက ဒုတိယဥက္ကဌ သူရဦးရွှေ မန်းဖြစ်နိုင် တာပေါ့။ဦးရွှေမန်း အနေနဲ့ ဥက္ကဌနေရာယူလို့ တာဝန်အကြီးအကျယ်ပိုသွားနိုင်တာမှမဟုတ်တာ။လက်ရှိလည်းပါတီဥက္ကဌ၊ဒု ဥက္ကဌ တာဝန်သာမကဘဲ ပြည်သူ့လွတ်တော်ဥက္ကဌတာဝန်ကိုပါ ပူးတွဲလုပ် ကိုင်းနတော့ အတွေ့ အကြုံ လဲရှိပြီး သားပဲလေ။ကျွန်တော့်ပုဂ္ဂလိကအမြင်ကတော့ ရွေးဖြစ်ခဲ့ရင်ဦးရွှေမန်းဖြစ်သင့်တာပေါ့။ဒါပေမယ့် ဒီကိစ္စကmay be လို့ပဲပြောလို့ရမယ်နော်။ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ဟုအကြိုညှိနှိုင်း အစည်း အဝေးပွဲ သို့တက်ရောက် လာသော ကိုယ်စား တစ်ဦး ကဆိုသည်။

သူရ ဦးရွှေမန်း ပါတီ ဥက္ကဌ ဖြစ်ခဲ့ ပါက ၎င်းတာဝန် ထမ်းဆောင်နေ သည့်ဒုတိယ ဥက္ကဌနေရာ ကို လက်ရှိ
ပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦး ကတာဝန် ယူလာနိုင် ဖွယ်ရှိကြောင်းအောက်တို ဘာလ ၁၃ ရက်နေ့ တွင်ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပထမ အကြိမ် ပါတီ ညီလာခံ (၂၀၁၂) အကြို ညှိနှိုင်း အစည်း အဝေးပွဲ သို့တက်ရောက် လာသော ကိုယ်စားလှယ် အချို့က သုံးသပ်ပြော ကြားသည်။                                        

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်