Sunday, October 14, 2012

 အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သူကို စစ်ဆေးလျက်ရှိ

Posted by drmyochit Sunday, October 14, 2012, under | No comments




အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိ သည်။အောက်တိုဘာလ ၁၁ ရက်နေတွင် အဓမ္မ ပြုကျင့် ခံရသည့် အသက် ရှစ်နှစ် အရွယ် မိန်း ကလေး၏ မိခင်ဖြစ်သူမှာ အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်ဆင်းနေ သည့်အတွက် ဗိုလ်ချုပ်ကျေး ရွာ သန်လျင်မြို့နယ်ရှိ နေအိမ်၌ သမီးဖြစ် သူကို တစ်ဦးတည်း ထားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကျောက်တန်း မြို့နယ်ရှိ အထည်ချုပ် စက်ရုံတွင် အလုပ်လုပ်နေစဉ် သမီးဖြစ်သူမှာ နေအိမ်မှ ရွာတောင်ပိုင်းရှိ ဘုန်းကြီးကျောင်းသို့ သွားရောက်ရာတွင် လေးအိမ်ကျော် အရောက်တွင်နေထိုင်သူ အသက် ၄၃ အရွယ်ရှိ အမျိုးသား တစ်ဦးက အသက် ရှစ်နှစ် အရွယ် သမီးဖြစ် သူကို ခေါ်ပြီး ၎င်း၏နေအိမ်
အခန်း အတွင်း၌ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ပြုကျင့်ချိန်တွင် နေအိမ်ရှေ့မှ အဒေါ်ဖြစ်သူက လှမ်းခေါ်သံကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူမှာ ၎င်း၏နေ အိမ်ပေါ်မှ ဆင်းပြေး သွားခဲ့ကြောင်းသတင်းရရှိသည်။

ပြစ်မှုမှုကျူးလွန်သူကို သန်လျင် ရဲစခန်း(ပ)၁၂၈၆/၂၀၁၂၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်