Sunday, October 14, 2012

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့သော လူငယ်များအား ဖမ်းဆီးရမိ

Posted by drmyochit Sunday, October 14, 2012, under | No comments




မြိတ်မြို့တွင် အောက်တို ဘာလ ၁၀ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သောကား များ၊နေအိမ်များနှင့် ရုံးအဆောက် အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့ ရာတွင် ပါဝင်ခဲ့သော လူငယ်များအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရ မိခဲ့ပြီဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီး နှစ်ရက်မြောက်နေ့ အောက်တို ဘာလ ၁၂ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြစ်မှု ကျူးလွန် သူများ ကို လိုက်လံ စစ်ဆေး ဖမ်းဆီး ရာမှ အောက်တို ဘာလ ၁၂ ရက်နေ့ ည၁၁ နာရီတွင် အားလုံးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှာ လူငယ်လေး ဦးဖြစ်ပြီး အားလုံး အသက် ၂၀ ပင်မပြည့်ကြောင်း သိရကာ အရက်နှင့် ဆေး ရောပြီး သုံးစွဲရာမှ ကြောင်သွားကာ မြို့ပေါ်တွင်ရပ်နားထားသောကားများနှင့် နေအိမ်အဆောက်အ အုံများ ကို လိုက်လံ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'' သတင်းတွေထွက်ပေါ်နေသလို (Danger)အဖွဲ့ဆိုတာမဟုတ်ပါဘူး။ ဒီအဖွဲ့က အရင်ကျူး လွန်ခဲ့ဖူး တဲ့ပြစ်မှုတွေ အရ ဖမ်းဆီးခံရထားပြီးပါပြီ။ အားလုံးခုနစ်ယောက်ကို ကျွန်တော်တို့ရဲတပ်ဖွဲ့တွေ ဖော်ထုတ် ဖမ်းဆီးမိ ထားပြီးပါပြီ။အခုဖြစ်တာက လူငယ်တွေအရက်နှင့် ဆေးလုံးရောပြီးသုံးစွဲရာမှ စိတ်ကြွပြီး လိုက်လုပ် ခဲ့ တာပါ။

သူတို့မှာ အဖွဲ့ဆိုတာ သီးသန့်မရှိပါဘူး။ အဲဒီ လူငယ်အုပ်စုထဲမှာပါတဲ့ လူငယ်တစ်ဦးကို သံသယရှိတော့ မေးမြန်းကြည့် ရာမှ သတင်းရရှိပြီး အဲဒီညမှာပဲ ကျွန်တော် တို့မြို့ အနှံ့ လိုက်လံ ရှာဖွေပြီး ဖမ်းဆီး ရမိခဲ့ တာပါ''ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ လူငယ်များမှာ ဟိုက်ကော် မရှင် အရက် တစ်ပုလင်း၊ ဂရင်းရွိုင်ရယ် (အဖုံးမည်း)တစ်ပု လင်းနှင့် ချောင်းဆိုးပျောက်ဆေး (ကျောက်စိမ်း)များကို အခင်းဖြစ်ပွားသည့် အောက်တိုဘာလ၁၀ရက်နေ့ ညနေပိုင်း မှစတင်ပြီး သုံးစွဲခဲ့ကြောင်း ညနက်ပိုင်းသို့ ရောက်လာသောအခါ ဆိုင်ကယ်နှစ်စီးဖြင့်စတင်မောင်း ထွက် လာကာ ကန်ဖျား ရပ်ကွက်မှ စတင်ပြီး တွေ့သမျှ ကားများ၏မှန်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်များတွင် လက်နက်များယူဆောင်လာခြင်းမရှိဘဲ အနီးတွင်တွေ့သည့် အုတ်ခဲ၊ကျောက်ခဲ များကိုကောက် ယူကာ နေအိမ်များ၊ ကားများ နှင့် ရုံးအဆောက်အအုံတစ်ခု၏ မှန်ပြတင်းများကို ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

လူငယ်များ၏ထွက်ဆိုချက်အရ သူတို့အရက်နှင့်ဆေး သုံးစွဲပြီးနောက် စိတ်ကူးတည့် ရာလုပ်ချင် စိတ်များဖြစ် လာပြီး ကားများ အိမ်များကို လုပ်မိကြောင်း သိရသည်။ ''အခင်းဖြစ်ပြီးနောက် ကျွန်တော်တို့ ဒီအမှု ကိုဖော် ထုတ်နိုင် ဖို့ အချိန်နှင့် အမျှစုံ စမ်းနေ ရတာပါ။ မြိတ်ခရိုင် ရဲမှူး ဒုရဲမှူးကြီး ဦးရွှေညာမောင်ရဲ့ ညွန်ကြားမှု အတိုင်း လုပ်ဆောင်နေ ရင်းနှင့် တပ်ပြင်ရပ်က ဖြိုးဇော်ဦးကို မသင်္ကာလို့ မေးမြန်း ကြည့်ရာမှ
သတင်း ရပြီး အဲဒီ လူငယ်တွေ ကိုလိုက် ဖမ်းခဲ့ ရတာပါ လူပုံစံတွေကိုပြောပြချက်အရ လမ်းတွေမှာ လိုက်ရှာ ပြီး ဖမ်းခဲ့ ရတာပါ။

ညဦးပိုင်းလောက်ကနေ လိုက်လံဖမ်းဆီးခဲ့ရပြီး ည ၁၁ နာရီမှာ အားလုံးမိခဲ့ပါတယ်''ဟု ရဲအရာရှိတစ်ဦးက ပြောကြား ခဲ့သည်။ အဆိုပါလူငယ်များကို ပုဒ်မ ၅၄၃/၂၀၁၂ အ.ပ.က ၆(၁) ဖြင့် မြိတ်မြို့ ရဲစခန်းတွင် အရေး ယူဆောင်ရွက်ထားပြီး ဖျက်ဆီးခံရသည့် ကားပိုင်ရှင်များနှင့် နေအိမ်၊ရုံးများကိုလည်း အကြောင်းကြား ထားပြီးဖြစ်ကာ ဖျက်ဆီး ခံခဲ့ရသည့်ပိုင်ရှင်များမှ ပုဒ်မ ၄၂၇ နှင့်အမှုဖွင့်ကာ တရားရုံးသို့ ဦးတိုက်လျှောက် ထားနိုင်ပြီး ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။ 

ပြစ်မှု ကျူးလွန် ရာတွင် ပါဝင်ခဲ့သည့် လူငယ်များမှာ အာကာ(ခ)အာကာနီဝင်း-၁၉နှစ် (ဘ) ဦးနီဝင်း-စခန်း သစ် ကျေးရွာ -ကျွန်းစုမြို့နယ်၊ ကလုံး (ခ) မျိုးသူရ -၁၉ နှစ်(ဘ)ဦးသိန်းဇံ-ဈေးတန်းရပ် -မြိတ်မြို့၊ ဖြိုးဇော် ဦး-၁၉ နှစ် (ဘ)ဦးညွန့်လွင်- တပ်ပြင်ရပ်-မြိတ်မြို့၊ ကဖြိုး (ခ)ညီနိုင်ဖြိုး-၁၈နှစ် (ဘ)ဦးမြင့်မောင်-ကော့သောင်းမြို့တို့ဖြစ်ကြောင်း သိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်