Sunday, October 14, 2012

 ဒေါပုံမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

Posted by drmyochit Sunday, October 14, 2012, under | No comments



ရန်ကုန်တိုင်းဒေ သကြီး ဒေါပုံ မြို့နယ် တွင်အောက် တိုဘာလ ၁၃ရက်နေ့ ည၉ နာရီ ၁၅မိနစ် အချိန် ခန့်က ဆိုင် ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင် ကယ်မောင်းနှင်သူအမျိုးသားနှစ်ဦးစလုံးပြင်း ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒေါပုံမြို့နယ် Capital Hypermarket ဘက်မှ သာကေ တ အမှတ် ၁ဈေးဘက် သို့ မင်းနန္ဒာ လမ်းမကြီး အတိုင်း မောင်းနှင် လာသည့် မော်တော် ဆိုင်ကယ်နှင့် မျက်နှာချင်း ဆိုင်ဘက်မှ လာသော မော် တော်ဆိုင် ကယ်တို့ ဒေါပုံမြို့နယ် မင်းနန္ဒာ လမ်းမကြီး၊ အိမ်အ မှတ် ၂၇၉ ရှေ့ အရောက် တွင် တိုက်မိခြင်းဖြစ်ကြောင်းသိရ သည်။ 

ယာဉ်တိုက် မှုဖြစ်စဉ် အနီးတွင်နေထိုင်သူ ကိုငြိမ်းချမ်းက''ကျွန်တော်ကအိပ်နေပါပြီ။ဝုန်းကနဲအသံကြား လိုက်ပြီး ခဏနေ အိမ်ရှေ့မှာဆူညံဆူညံအသံတွေကြားလို့ထွက်ကြည့်တော့မှ ဆိုင်ကယ်ချင်း တိုက်မိ တယ်လို့ သိရတာပါ။ မောင်းတဲ့သူနှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာ ရကြ ပါတယ်။

အရေးပေါ်လူနာတင် ယာဉ်ကားနှစ်စီး မလာခင် ၉နာရီ၄၅မိနစ် လောက်မှာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေ က ဆေးရုံကို တက္ကစီငှားပြီး ပို့တာကိုတွေ့ရပါတယ်''ဟုပြောပြခဲ့ပါသည်။ 

အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အရာ ရှိတစ်ဦးကလည်း ''ဌာနဆိုင် ရာက ၀န်ထမ်း လား အရပ်သားတွေ လားဆိုတာ ကိုတော့ စစ်ဆေးနေ တုန်းပါ။လက်ရှိလူနာတွေကို ရန်ကုန် ဆေးရုံကြီးကို ပို့လိုက်ပါပြီ။ဆိုင်ကယ်ပဲစီးစီး၊ကားပဲစီးစီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကိုကောင်းကောင်း နားလည်မှ စီးသင့်တယ်လို့ထင်ပါတယ်''ဟု ပြောပြခဲ့သည်။

အဆိုပါ ဆိုင်ကယ်တိုက်မှုဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ်နှစ်စီးလုံး ဆိုးရွားစွာပျက်ဆီးခဲ့ပြီး ယင်းဆိုင် ကယ်နှစ်စီး လုံးကို သက်ဆိုင်ရာမှ ထိန်းသိမ်းသွားကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်