Sunday, October 14, 2012

မန်မာ ၃ ဦး ယာဘးဆေးပြား ၄၀၀၈၈ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ

Posted by drmyochit Sunday, October 14, 2012, under | No comments


ယာဘာဆေးပြား ၄၀၀၈၈ နှင့် အတူ မြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင် စနေနေ့နံနက်က ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာ တာဝန်ရှိသူများပြောသည်။ သူတို့သည် အဆိုပါ ယာဘား ဆေးပြားများကို ဘုတ် တစ်စီးဖြင့် ဘင်္ဂလာဒေခ်ျ့ဘက်သို့ တင်သွင်းလာစဉ် နတ်မြစ်အတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

“ လျို့ဝှက် သတင်းအရ တက်ကနက်မြို့နယ် နာဆီယာ ပါရာ အနီးက နတ်မြစ်အတွင်း ဘုတ် တစ်စီးပေါ်ကို တက်ရောက် ရှာဖွေစဉ်မှာ ယာဘားဆေပြား ၄၀၀၈၈ နဲ့ အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိပါတယ်” ဟုတက် ကနက် အခြေစိုက် ဘီဂျီဘီ တပ်ရပ် အမှတ် (၄၂) မှ ဗိုလ်မှူး အမ်းဒီ ဆိုင်ဖူးလ် ရာဟမန်က ပြော သည်။ သူတို့ကို ယခုအခါ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဟု ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်