Tuesday, September 23, 2014

ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ဖိုးသူတော်ယိမ်းအက ပြန်လည်ဖော်ထုတ်

Posted by drmyochit Tuesday, September 23, 2014, under | 3 comments


မုံရွာ၊ စက်တင်ဘာ ၂၂။

ရှားပါး ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ဖိုးသူတော်ယိမ်းအက ကို စက်တင်ကာ တတိယပတ်က မုံရွာမြို့၌ ကျင်းပခဲ့သည့် အလှူပွဲ တစ်ခုတွင် ပြန်လည်ဖော်ထုတ်က ပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဖိုးသူတော်ယိမ်းအကကို ဘုန်းကြီးပျံပွဲ၊ အလှူပွဲ၊ ဘုရားထီး တင်ပွဲ စသောဘာသာရေးပွဲများ တွင် ကပြဖျော်ဖြေကြသည်။ ကိုယ် ပိုင်သီချင်း၊ ကိုယ်ပိုင်အကဖြင့် တစ် ဖွဲ့လျှင် အနည်းဆုံး ၁၂ယောက် ပါဝင်ကပြကြပြီး ကြက်တိုက်ဖိုး သူတော်နှင့် ဘုန်းကြီးတစ်ပါးလည်း ပါဝင်ကပြရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရ ပြီးနောက်ပိုင်းတွင် ခေတ်စားလာ သော ယိမ်းအကတစ်ခုဖြစ်ပြီး ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ကပြ ဖျော်ဖြေမှု နည်းပါးလာပြီး ယခုအခါ မုံရွာမြို့ ထန်းတောရပ်ကွက်မှ ဖိုး သူတော်ယိမ်း အကကို ပြန်လည်ဖော် ထုတ်ကပြရာမှ ပြန်လည်အသက် ဝင်လှုပ်ရှားလာသော ယိမ်းအက တစ်ခုဖြစ်သည်။

KTS‎
Democracytoday‬

3 comments:

ရိုးရာဓလေ့များကိုပြန်လည်ဖော်ထုတ်ပြီး ထိန်းသိမ်းတတ်ဖို့လိုပါတယ်။ ဒီPost ကိုတင်ပေးတာကျေးဇူးတင်ပါတယ်။ အခုမှသိတာပါ။ ရှိမှန်းတောင်မသိခဲ့ဘူး။

This comment has been removed by the author.

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်