Tuesday, September 23, 2014

ဆင်းကတ်များလာမည့်နှစ်မှသာ ရောင်းနိုင်မည်ဟု ရတနာပုံဆို

Posted by drmyochit Tuesday, September 23, 2014, under | No comments

အောင်ဇော်
ရန်ကုန်၊ စက်တင်ဘာ ၁၃

မိုဘိုင်းဖုန်းဆင်းကတ်များ စတင်ရောင်းချမှုကို လာမည့် နှစ်မှသာ ပြုလုပ်နိုင်မည်ဟု ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်ခံထားရသည့် ရတနာပုံ တယ်လီပို့မှ သိရသည်။ လက်ရှိတွင် ရတနာပုံ တယ်လီပို့သည် ဖုန်းဆင်းကတ်များ စတင်ရောင်းချနိုင်ရန်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ အခြား ဆက် သွယ်ရေး အော်ပရေတာများအားယှဉ်ပြိုင်ဝန်ဆောင်မှု ပေးတော့မည်၊ ဆင်းကတ်များအခမဲ့ဖြန့်ဝေမည်ဟု သတင်းများထွက်ပေါ်နေသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ ရတနာပုံ တယ်လီပို့မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးရှိန်းသူအောင် က ”ငွေကြေးပိုင်းနဲ့ နည်း ပညာပိုင်းအ တွက်ေ တာ့ ပြည် ပဆက်သွယ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းသွားမှာပါ။ လောလောဆယ်ဘယ်ကုမ္ပဏီနဲ့မှ စာချုပ်ချုပ်ပြီးတော့ လုပ်ဆောင်ထားတာ မရှိသေးပါဘူး။ ရှယ်ယာ ကိစ္စတွေ ရှင်း ရှင်း လင်းလင်း ဖြစ်ဖို့အတွက် ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပဲ ရှိပါသေးတယ်” ဟု ပြောသည်။

ဆင်းကတ်များအား အခမဲ့ပေးမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ရတနာပုံတယ်လီပို့နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကိုလည်း ရွေးချယ်ထားခြင်း မရှိသေးကြောင်း၊ သင့်တော်မည့် ကုမ္ပဏီကိုသာ လေ့လာစိစစ်နေသည့်အဆင့်သာရှိကြောင်း၊ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ် ပြု လုပ်ပေး သွား ရန်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

”လိုင်စင်လျှောက်တုန်းက ကုမ္ပဏီကိုးဆယ်ကျော်လျှောက်ထားခဲ့တယ်။ အခုလက်ရှိလုပ်နေတာ သုံးခုပဲရှိတယ်။ ကျန်တဲ့ ကုမ္ပဏီတွေက ကျွန်တော်တို့နဲ့ ပူးပေါင်း လုပ်ကိုင် ဖို့လာကမ်းလှမ်းထားတယ်။ ကုမ္ပဏီအားလုံးနီးပါးပါပဲ။ ဒါကြောင့် ဘယ်သူနဲ့ ပူးပေါင်းမယ်ဆိုတာ ရွေးချယ်နေရပါတယ်” ဟု ၎င်းက ဆက်ပြော သည်။ယင်း အခြေ အနေများကြောင့် ဆင်းကတ်များ ရောင်းချမှုကို ၂ဝ၁၅ ခုနှစ်မှသာ ရောင်းပေးနိုင်မည် ဖြစ်ကြောင်း၊ အခြားအော်ပရေတာများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ခြင်းကြောင့် တတ်နိုင် သလောက် အမြန်ဆုံး လုပ်ဆောင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းများစတင်သည့် အခါတွင် ခိုင်ခိုင်မာမာရှိရန် ရှယ်ယာ ကိစ္စလုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

Popular Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်