Tuesday, September 23, 2014

SMW- 3 ရေအောက်ကေဘယ် ဆက်ကြောင်း ပြုပြင်ပြီးကြောင်းကြေညာ

Posted by drmyochit Tuesday, September 23, 2014, under | No comments

SMW- 3 ရေအောက်ကေဘယ် ဆက်ကြောင်းပြုပြင်မှု ယနေ့ပြီးစီးပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ကြေညာသည်။

စက်တင်ဘာလ ၂၃ ရက် ၀၁း၁၆ နာရီတွင် ပြုပြင်မှုများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ကြေညာ လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ပြတ်တောက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းလိုင်းများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

သြဂုတ်လ ၁၃ ရက် ၀၀း၀၈ နာရီတွင် အင်ဒိုနီးရှား ရေပြင်ပိုင်နက်ရှိ ပင်လယ်ရေအောက်၌ ဖြစ်ပေါ်ခဲ့သော SMW-3 ရေအောက်ကေဘယ် ချို့ယွင်းမှုကို SMW-3 အဖွဲ့ အစည်းမှ ကေဘယ်ပြုပြင်ရေး သင်္ဘောဖြင့် ပြုပြင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်