Wednesday, September 10, 2014

ရိုဟင်ဂျာအဖွဲ့ KIA နယ်မြေမှာ လှုပ်ရှားခွင့်ရရေး ဆွေးနွေးမှု ရုပ်သံဖိုင်

Posted by drmyochit Wednesday, September 10, 2014, under | No comments

စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်
KIA အရာရှိနဲ့ ရိုဟင်ဂျာအဖွဲ့ကိုယ်စားလှယ်တချို့ရဲ့ စကားဝိုင်းကို မှတ်တမ်းတင်ထားတဲ့ ၁ နာရီကြာ ရုပ်သံဖိုင် ယူကျုမှာ လူကြည့်များလာဖွယ် ရှိပါတယ်။

ရုပ်သံမှာ ပါဝင်တဲ့ KIA အရာရှိက သူတို့နဲ့ ဒီကိုယ်စားလှယ်အဖွဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ပြောဆိုကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းတပုဒ် KIA Officer Denies Report of Rohingya Training in Kachin Rebel Area မှာ ရေးထားပါတယ်။

အနည်းငယ် ကောက်နုတ်ရရင်တော့
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းကို KIA ထိန်းချုပ်နယ်မြေမှာ လှုပ်ရှားခွင့်ပြုရေး တောင်းဆိုတာကို စကားဝိုင်းမှာ ကြားရပါမယ်။

ဒီကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး စဉ်းစားမယ်၊ အကြောင်းပြန်မယ် ဆိုပြီး KIA အရာရှိက တုန့်ပြန်ပါတယ်။
ဒီစကားဝိုင်းမှာ အဓိက စကားပြောသူ ၂ ဦးကို ဧရာဝတီက ဒီကနေ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
၂ ဘက်စလုံးကတော့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ အကြောင်းပြန်ကြပါတယ်။
Burmese Rohingya Association of Thailand အဖွဲ့ ခေါင်းဆောင် မောင်ကျော်နုက သူတို့အနေနဲ့ ငြိမ်းချမ်းစွာ အဖြေရှာတဲ့နည်းလမ်းကို လိုလားတယ်၊ 

ဒီနည်း အလုပ်မဖြစ်ရင်တော့ လက်နက်ကိုင်တော်လှန်ရေးအတွက် KIA နယ်မြေကို သွားကောင်း သွားမယ် လို့ ဆိုပါတယ်။



ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်