Thursday, September 11, 2014

KIA နှင့် RSO တို့ ဆွေးနွေးမှုပေါက်ကြားသည့်အတွက် KIA အတွင်း သစ္စာဖောက်များရှိနေပြီဟုဆို

Posted by Unknown Thursday, September 11, 2014, under | No comments


 
 
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ အခြေပြုနေတဲ့ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization) ၊ BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ မောင်ကျော်နု တို့နဲ့ KIO ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် တို့ KIO ထိန်းချုပ်နယ်မြေအတွင်း
ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုရေး ဆွေးနွေးမှု အွန်လိုင်းပေါ်သို့ ပေါက်ကြား သည့်
အပေါ် KIO/KIA အတွင်း မကျေလည်မှုများ ဖြစ်နေကြကြောင်း သိရသည်။

" RSO ကဒီမှာ အခြေစိုက်ဖို့ နယ်မြေတောင်းတာ မှန်တယ်။ ဒီဆွေးနွေးမှု ပေါက်ကြားတာ ကို ခေါင်းဆောင်ကြီးတွေက အတော်ဒေါသထွက်နေတယ်ကြားတယ်။ သူတို့နဲ့ ဆွေးနွေးတဲ့
ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် ဆိုတာ KIO ဗဟိုကော်မတီ ဝင်တစ်ယောက်။ ပြီးတော့
KIO မှာ နိုင်ငံခြားရေးနဲ့ ပညာရေး တာဝန်ယူထားသူတစ်ယောက်။ ဒီလို ရာထူးကြီးကြီးနဲ့
လူကြီးတစ်ယောက်ရဲ့ ဆွေးနွေးပွဲ အပြင်ကို ပေါက်ကြားတာ KIA အတွင်းမှာ သစ္စာဖောက်ရှိနေပြီလို့
ပြောနေကြတယ်။ " ဟု လိုင်ဇာမှ ဒေသခံတိုင်းရင်းသားတစ်ဦးဖြစ်သူက ပြောသည်။

မကြာသေးမီက မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ
ဒေသအ ချို့တွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ ကြောင်းနှင့်
ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန် တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းပြောကြား ထားမှုရှိသည်။
KIA နှင့် RSO တို့ တွေ့ဆုံမှု ဗီဒီယို ဖိုင်ကြောင့် KIA နယ်မြေထဲတွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှု အမှန်တကယ်ပင် ရှိနေပြီလား ဆိုသည့် စိုးရိမ်မှုများ ဒေသခံများကြားတွင် မြင့်တက်လာခဲ့သည်။

"မြန်မာစစ်တပ်ကလည်း ပြောထားတယ်ပေါ့။ လက်နက်ကိုင်အဖွဲ့ အချို့မှာ အစွန်းရောက်
မွတ်စလင်တွေ
စစ်ရေး လေ့ကျင့်မှုတွေ လုပ်တာတွေ ရှိတယ်ပေါ့။ ခု KIA က RSO နဲ့ ဆွေးနွေးမှု
ပေါက်ကြားလာတော့ တကယ်ပဲ ပြည်ပက အစွန်းရောက် မွတ်စလင်တွေ စိမ့်ဝင်နေပြီလားလို့ ထင်မိတယ်။ ကျနော်က ကချင်တစ်ယောက်ဆိုတော့ KIA ကို ထောက်ခံတယ်။
ဒါပေမဲ့ မနောမြေမှာ အစွန်းရောက်တွေရောက်လာမှာတော့ လက်မခံဘူး။" ဟု ကိုစောဘောက်က ပြောသည်။

ဆွေးနွေးမှု ပေါက်ကြားလာခြင်းသည်အဖွဲ့တွင်း သစ္စာဖောက်သူရှိခြင်းကြောင့်ဟု
KIA အဖွဲ့အတွင်း ယူဆမှုများရှိနေသော်လည်း ထိုသတင်းပေါက်ကြားမှုသည် သစ္စာဖောက်ခြင်း
မဟုတ်ဘဲ သစ္စာရှိခြင်းသာ ဖြစ်ကြောင်း မြစ်ကြီးနားဒေသခံ တစ်ဦးက ဆိုသည်။

"လူမသိစေချင်တဲ့ ကိစ္စကို ခိုးလုပ်တာ အပြင်ထွက်လာတော့ သစ္စာဖောက်လို့ သူတို့က
ယူဆချင် ယူဆမှာပေါ့။ တကယ်တော့ ဒါ သစ္စာဖောက်တာ မဟုတ်ဘူး။ သစ္စာရှိတာ။ ကချင်လူမျိုးတွေနဲ့
ပြည်ထောင်စု အပေါ် သစ္စာရှိတာလို့ ပြောရမှာပါ။ KIA ထဲမှာ အစွန်းရောက် အကြမ်းဖက်တွေရှိကြည့်
နောင်တစ်ချိန် ဒီနယ်မြေ ဘာဖြစ်သွားမလဲ တွေးတောင်မတွေးရဲဘူး။ KIA က အစိုးရကို ဆန့်ကျင်သူမှန်သမျှ အကုန်လက်ခံတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း အင်အားရတယ်လေ။ သူတို့ အာဏာတည်ဖို့ဆို ဘင်္ဂါလီတွေက အစ အကုန်လက်ခံတယ် လို့ ပြောရမယ်။ ဒါ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး" ဟု ၎င်းက ဆိုသည်။

RSO အဖွဲ့နှင့် တွေ့ဆုံမှုအပေါ် KIO ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်အနေနှင့်
ပုဂ္ဂိုလ်ရေးရင်းနှီးမှု အရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရား ၀င်ဆွေးနွေးခြင်းမဟုတ်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသော KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန် မော်က ငြင်းဆိုခဲ့
သည်။ သို့သော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကြောင့် ပြည်သူများ၏ ရင်ထဲတွင်
ငြိမ်းချမ်းရေးမျှော်လင့်ချက်များ ကြီးထွားလာစဉ် KIA နှင့် RSO ကြားဆက်သွယ်မှုများကြောင့်
ငြိမ်းချမ်းရေး ထိခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

စိုင်းဇော်ထက်
ဂျိမ်းဖောမြေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်