Thursday, January 30, 2014
ရုံးတွေ အဖွဲ့ စည်းတွေမှာ ချိတ်ဆက်ထားတဲ့ Networking ချိတ်ဆက်နည်း
Posted by drmyochit Thursday, January 30, 2014, under | No comments
ဒီစာအုပ်လေးကတော့ ရုံးတွေမှာ  ကွန်ပျုတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီးသုံးဖို့ 
အသေးစိတ်ရေးထားတဲ့  ချိတ်ဆက်နည်း  သဘောတရားတွေပါ ။ ရုံးတွေမှာလုပ်ရင်
ဒါတွေကို အကုန်နားမလည်ရင်နေ  အခြေခံတော့ သိထားမှဖြစ်မယ် ။ ဘာလို့ လဲဆို
Network Share စနစ်ကို ရုံးတိုင်းမှာ အသုံးပြုနေသောကြောင့် ဖြစ်တယ် ။ ကျနော့်ရုံး
ဒီစနစ်သုံးတယ် ။ Computer 4 လုံး Printer တစ်လုံးထဲ က  မျှဝေသုံးစွဲတဲ့စနစ်မျိုးပေါ့
အဲ့မှာ အနည်းငယ် နားလည်ထားသင့်တာက  Manager ရဲ့ ကွန်ပျုတာကို ချိတ်တယ်
ကျန်သုံးလုံးက Share စနစ်နဲ့ သုံးတယ် ။ ဒါဆို  Net work သဘောတရားအရကြည့်
မန်နေဂျာစက်က Main Sever ဖြစ်ပီး   ကျနော်တို့ စက်တွေက  Client ကွန်ပျုတာပါ
မိန်းကွန်ပျုတာ ပိတ်တာနဲ့    ကျနော်တို့  Printer ကို   သုံးလို့ မရတော့ဘူး  ပြဿနာ
ဖြစ်ဖူးတယ် ။ ညနေ၅နာရီ  မန်နေဂျာပြန်တယ်  ကျန်တဲ့သူ    အချိန်ပိုဆင်းတယ်ဆို
မန်နေဂျာက သူ့ ကွန်ပျုတာ ပိတ်ခဲ့တယ် ။ အဲ့ဆို ကျန်တဲ့ကွန်ပျုတာတွေက သုံးမရ
တော့ဘူး ။ အခြေခံ ပညာကို ကြုံခဲ့သလောက် ပြောပြတာပါ ။စာရင်းတွေဆိုရင်လဲ
ကျနော်တို့ ရုံးတွေ တခြားသူတွေလည်း အားလုံး အတူတူပဲ Share စနစ်ထားတယ်
တစ်ခုနဲ့ တစ်ခု ဌာနတွေအကုန်   ချိတ်ဆက်ရတာပါ ။ ကိုယ်လုပ်နေတဲ့  စာရင်းကို
တခြားဌာနက ယူကြည့်လို့ ရတယ် ဒါဟာ ရုံးတိုင်း အဖွဲ့ တိုင်း ဒီစနစ်ကိုကို သုံးတယ်
ဘယ်လို Network ပဲဆိုဆို  စောစောက  ပြောသလို  အဓိကအားဖြင့် 2မျိုးပဲရှိတယ်
ပထမတစ်မျိုး  မိမိကွန်ပျုတာထဲမှာ  ရှိတဲ့ ဖိုင်တွေ   စာရင်းတွေကို  ပေးသုံးစေမယ့်
Sever ကွန်ပျုတာ ၊ နောက်တစ်မျိုးက   စာရင်းတွေ နဲ့ ဖိုင်တွေကို Share ယူသုံးမယ့်
Client Computer ပါ ။ နမူနာဆို  တစ်ခုပြောရရင် ကျနော့ရုံးခန်းက  ဖိုင်တွေကိုပေါ့
တခြား အလုပ်ခြင်းဆက်စပ်တဲ့  ဌာနတွေကို  Share ခွဲသုံးတယ် ။  ကျနော့ဆီကနေ
စာရင်းတွေ  အချက်လက်တွေ  ယူယူကြည့်ရတယ် ။ ဒါဆို    ဒီကွန်ပျုတာက  Main
သူတို့ ကို Share ရင် Data Read Only ပဲ   ပေးထားပြီး  စာရင်းတွေကို Sever  ကပဲ
ပြင်လို့ ရမယ် သွင်းလို့ ရမယ် မနက်ကျနော် နောက်ကျတယ် Main က မဖွင့်သေးရင်
တခြား စက်တွေ ဘာမှလုပ်မရဘူး ။ အင်တာနက်  ချိတ်ဆက်စနစ်မှာလည်း ဒီလိုပဲ
သဘောတရား တစ်ခုနဲ့ တစ်ခု အတူတူပါပဲ ။ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
ရာထူးကြီးတာ လခကောင်းတာ အများကြီး သို့ သော် မလေ့လာတဲ့သူက သိကိုမသိ
ကွန်ပျုတာ  တစ်ခုခုဖြစ်ရင် လုံးဝမသိတော့ဘူး  Network ပိုင်းဆိုပိုဆိုးပါသေးတယ်
အထူးဆန်းဆုံးပြောရရင်    မြန်မာစာပျောက်တာတောင်   မလုပ်တတ်ကြသေးဘူး
ဆိုလိုချင်တာကတော့ ပညာဟာသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ တတ်သင့်တာ
သိသင့်တာဆို ၀ါသနာမပါသော်လည်း လေ့လာရမှာ  သင်ယူရမှာ လို့ ပြောချင်တာ
ပညာခေတ်မှာ  ဘယ်နေရာမှာလုပ်လုပ်  ပညာတတ်သူက   တစ်ပန်းသာလိမ့်မယ်
အဲ့တော့ ရုံးမှာ လုပ်သူတွေ လုပ်မယ့်သူတွေ ဒီစာအုပ်ကိုလေ့လာကြည့် အကုန်မသိ
ရသေးတယ် သဘောတရား ပေါက်သွားရင်  အဆင်ပြေပီ။ကိုယ်တိုင်မပြင်တတ်လဲ
ဘယ်က ဖြစ်တယ် ဘာပြဿနာလောက်တော့ သိလာပါလိမ့်မယ် ဖတ်ကြည့်လိုက်
ဒီလင့်မှာယူပါ >>> Begineer Guide To Network
0 comments:
Post a Comment
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်