Thursday, January 30, 2014

အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဖောက်ခွဲရေးသင်တန်းများ ပြုလုပ်မည့် ဘင်္ဂါလီလူမျိုး (၃)ဦးအား ဘင်္ဂလားဒေ့ရှ်၌ ဖမ်းဆီးရမိ

Posted by drmyochit Thursday, January 30, 2014, under | No comments


နေပြည်တော် ဇန်နဝါရီ ၃၀

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အထူးစစ်ဆင်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများ ပို့ချရန်အတွက် ပါကစ္စတန်နိုင်ငံမှ လေကြောင်းခရီးဖြင့် လိုက်ပါလာသော ဘင်္ဂါလီလူမျိုး (၃)ဦးကို ဇန်နဝါရီ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လုံခြုံရေး အထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော (၃)ဦးမှာ အူဆမာန်၊ အူးမောဖာရူးနှင့် ဇော်မင်းတို့ဖြစ်ပြီး အာဖဂန် နစ္စတန် အခြေစိုက် အယ်လ်ကိုင်ဒါ တပ်ဖွဲ့တွင် အထူးတိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ပြီး (၃)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

စစ်ကြောချက်များအရ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မေယုခရိုင်အား TALAIBAN IN ARKAN နိုင်ငံတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ကာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန်နှင့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့များတွင် ဗုံးပြုလုပ်နည်း၊ လက်နက်ငယ် ပြုလုပ်နည်းများကို လေ့ကျင့်သင်ကြားရန် ဖြစ်ကြောင်း၊ ခေါင်းဆောင်ဖြစ်သူ အူဆမာန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် RSO သောင်းကျန်းသူအဖွဲ့မှ ဘဏ္ဍာရေးမှူး ဘန်ဒန်အီဒရီး၏ ညီဖြစ်ပြီး ဇာတိမှာ မောင်တော မြို့နယ် သီဟိုဠ်ကျွန်းကျေးရွာ အုပ်စု ဘက္ကာဂုံးနား ကျေးရွာမှ ဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်