လူငယ်တစ်ယောက်သည် ဘောလုံးအကယ်ဒမီကျောင်းကိုဝင်ရန် လျှောက်လွှာတင်သည်။အကယ်ဒမီကျောင်းအုပ်ကြီးက သူ့ကို မေးသည်။
“ဆိုကြပါစို့ မင်းဟာ ဘောလုံးကွင်းထဲမှာရှိနေမယ်။ ရှေ့မှာ
ပြိုင်ဘက်အသင်းက လူတစ်ယောက်ကိုတွေ့တယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို သူ မကန်နိုင်အောင် တအားကြုံးကန်ပစ်လိုက်ပါမယ်”
“မှန်တယ် ၊ နောက်အခြေအနေတစ်ခု၊ မင်းဟာ ဘောလုံးကွင်းထဲမှာဆိုပါစို့။
ရှေ့မှာ ပြိုင်ဘက်အသင်းက လူတစ်ယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်း
တစ်ဖက်အသင်းက လူတစ်ယောက်စီရှိနေတယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို အဝေးကြီးရောက်အောင် ကန်ထုတ်ပစ်လိုက်ပါမယ်”
“ဟုတ်ပြီကွယ်။ နောက် အခြေအနေတစ်မျိုး၊ မင်းက ဘောလုံးကွင်းထဲမှာ၊ ရှေ့မှာ
ပြိုင်ဘက်အသင်းက လူသုံးယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်း လူသုံးယောက်စီ၊
ဒီကြားထဲ သူတို့အသင်းရဲ့နည်းပြဖြစ်သူက မင်းဆီဦးတည်လာနေတယ်။ မင်း
ဘာလုပ်မလဲ”
“ဘောလုံး မကစားတော့ဘဲ ပြန်သိမ်းလာမှာပေါ့ ”
“မှန်တယ်။ ကိုင်း ၊ နောက်အခြေအနေတစ်မျိုးကို စဉ်းစားကြည့်။ မင်းဟာ
ဘောလုံးကွင်းထဲမှာရှိနေတယ်။ရှေ့မှာပြိုင်ဘက် အသင်းသားတွေ
အားလုံးရှိနေတယ်၊ ဘယ်နဲ့ ညာဘက်မှာလဲ တစ်ဖက်အသင်းရဲ့ အရံကစားသမားတွေ
စောင့်နေတယ် ဆိုပါစို့၊ မင်း ဘာလုပ်မလဲ”
လူငယ်ကအံကြိတ်ပြီး ပြောလိုက်သည်။
“မေးခွန်း တစ်ခု မေးလို့ရမလား”
“မေးနိုင်ပါတယ်”
“အခုကစားမယ့်ဘောလုံးအသင်းမှာ ကျွန်တော် တစ်ယောက်ထဲ ရှိတာလားဗျ ဟင်”
ရဲစတိုင်း
The Myanma Age
0 comments:
Post a Comment