Tuesday, June 17, 2014

မွေးနေ့ပွဲတွင် မင်းသားလေးယောက်နှင့် တွဲမည့်အပြင် သီချင်းပါ ယူကျူ့မှာ တင်မည့်ဟု ဝါဆိုမိုးဦး ဆို

Posted by drmyochit Tuesday, June 17, 2014, under | No comments


သရုပ်ဆောင် ဝါဆိုမိုးဦးက ၎င်း၏အသက်၂ဝပြည့်မွေးနေ့တွင် မင်းသား လေးယောက် ခြံရံကာ မွေးနေ့ပွဲခင်း အလယ်ကို ထွက်ရှိမည်ဟု မဇ္စျိမကို ပြောသည်။ ယင်းမွေးနေ့ပွဲကို ဇူလိုင် ၁၉ရက်တွင် ဆီဒိုးနာဟိုတယ်၌ ကျင်းပနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“ဒီမွေးနေ့ပွဲကို တက်ရောက် လာတဲ့သူတွေ အတွက် ထူးထူးခြားခြားလေး ဖြစ်သွားအောင်လို့ ဝါဆို စီစဉ်လိုက်တာပါ။ အားလုံးလည်း အံ့သြသွားအောင်လို့ပါပဲ။ အဲဒီနေ့မှာပဲ ပရိသတ်တွေ သိစေဖို့ ဝါဆို လိုချင်တဲ့ သီချင်းကို ထုတ်လွှင့်မှာပါ။သီချင်းခေါင်းစဉ် ကိုလည်း အဲဒီနေ့မှ ပရိသတ်တွေ သိရမှာပါ”ဟု ၎င်းကပြောသည်။

ယင်း မွေးနေ့ပွဲတွင် ပါဝင် အားဖြည့် ကူညီမည့် သရုပ်ဆောင် လေးယောက်ကို ယခုအချိန်တွင် ၎င်းအနေဖြင့် ပွင့်လင်းစွာ ပြောဆိုနိုင်ခြင်း မရှိသေးဟု ပြောကြား ခဲ့သည်။ ယင်း မွေးနေ့ပွဲတွင် အနုပညာရှင် ညီအစ်ကို မောင်နှမများ၊ ဆရာသမားများနှင့် မီဒီယာများကို ဖိတ်ကြားထားပြီး အစီအစဉ် တင်ဆက်သူ အဖြစ် ဆန်းထွဋ်နှင့် အရိုင်း တို့က ပွဲလာ ပရိသတ်များကို ပျော်ရွှင်စေရန် စီစဉ်ထားသည်။

ဝါဆိုမိုးဦးသည် ပရိသတ် စိတ်ဝင်စားမှု ရှိစေရန် အတွက် ၎င်း၏ မွေးနေ့ အမီ ယူကျူ့ တွင် သီချင်း တင်နိုင်ရန် အတွက် တေးရေး တေးဆို အာတီက အချစ်နှင့် မိန်းကလေး တစ်ယောက်၏ ခံစားချက်များ ပါဝင်သည့် စာသားများ ပါဝင်မည့် သီချင်းကို ယင်းနေ့တွင် ပရိသတ်များ သိစေရန် ထုတ်လွှင့် သွားမည်ဖြစ်သည်။

ဝါဆိုမိုးဦးသည် ယင်း တေးသီချင်းကို အမ်တီဗီ ရိုက်ကူးကာ ပရိသတ်ကို စွဲဆောင်နိုင်စေရန် ကြိုးစား သွားမည်ဖြစ်ပြီး သရုပ်ဆောင်မှု အပိုင်းနှင့် ပတ်သက်ပြီး ထူးခြားစွာ စီစဉ်ကာ ဆက်တင် ပိုင်းများကိုလည်း ထူးခြားမှု ရှိစေရန် ပြင်ဆင် ထားသည်ဟု ပြောသည်။

ဝါဆိုမိုးဦးသည် အနော်မာသုခုမ အနုပညာ ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်တွင် မြန်မာ့ ယဉ်ကျေးမှု အထိမ်းအမှတ်များကို စိတ်ဝင်စားသည့် အတွက် ရှယ်ယာ ပါဝင်ထားသူ တစ်ဦးဖြစ်သည်။

Mizzima Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်