![]() |
| စစ်သွေးကြွများ လက်ချက်ကြောင့် ပျက်စီးနေသည့် အီရတ်ရဲကားတစ်စင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး စစ်ဆေးနေစဉ် (Photo - Marwan Ibrahim/AFP) |
အီရတ်နိုင်ငံတွင် အစ္စလာမ်မစ် စစ်သွေးကြွများက စစ်သားများကို ရက်ရက်စက်စက် ပစ်သတ်နေခြင်းနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ရှုတ်ချပြစ်တင်လိုက်သည်။
အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင် ရာဂဏန်းမျှကို စစ်သွေးကြွများက ဖမ်းဆီးရမိထားပြီးနောက် ၎င်းတို့ သိမ်းပိုက်ထားသည့် တီကရစ်မြို့တွင် သေနတ်ဖြင့် ပစ်သတ်နေသော ဓာတ်ပုံများ အင်တာနက်ပေါ် ရောက်ရှိလာခဲ့သည်။
မြောက်ပိုင်းမြို့များကို သိမ်းပိုက်ခဲ့ပြီးနောက် အီရတ်အလယ်ပိုင်းရှိ ဘဂ္ဂဒက် မြို့တော်သို့ ဆက်လက် ချီတက်နေသည့် ISIL စစ်သွေးကြွများက မိမိတို့သည် ရှီးယိုက်မွတ်ဆလင် စစ်သား (၁၇၀၀)ကျော်ကို ပစ်သတ်ခဲ့ကြောင်း Twitterတွင် ရေးသားဖော်ပြခဲ့သည်။
“အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမျိုးကို သူတို့ လုပ်ဆောင်ခဲ့ကြောင်း ISIL အဖွဲ့က ကြေညာခဲ့ပါတယ်။ အီရတ် လေတပ်က လူသစ်တန်း ရှီးယိုက်စစ်သည် (၁၇၀၀)လောက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောထားတယ်။ တီကရစ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စသာ အမှန်ပဲဆိုရင် သွေးဆာနေတဲ့ အကြမ်းဖက် လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ် ရှုတ်ချရပါမယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ပြောကြားခဲ့သည်။
ဆာကီက “ကျွန်မတို့ အနေနဲ့ ဒီသတင်းတွေကို ချက်ချင်း အတည်ပြုလို့ မရသေးပါဘူး။ ဒါပေမဲ့ ISILရဲ့ အဓိက ရည်မှန်းချက် တစ်ခုက အီရတ်နိုင်ငံသား အားလုံးရဲ့ အသည်းနှလုံးထဲမှာ အကြောက်တရား စိမ့်ဝင်သွားစေဖို့ ဖြစ်ပါလိမ့်မယ်”ဟုလည်း ဆိုသည်။
ISILတို့သည် အီရတ်မြောက်ပိုင်းရှိ မဟာဗျူဟာ အချက်အခြာ မြို့ကြီးများဖြစ်သည့် မိုဆူးလ်နှင့် တီကရစ်တို့ကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒက်ကိုပါ ဆက်လက် ခြိမ်းခြောက်နေရာ အီရတ်စစ်တပ်က ၎င်းတို့ကို ဟန့်တားနိုင်ရန် အပြင်းအထန် ကြိုးစားနေရသည်။
_Ref; Channelnewsasia
7 Day
Time in Rangoon


0 comments:
Post a Comment