Tuesday, June 17, 2014

အသက် ၉၀ အရွယ် အဘွားအိုကို အငတ်ထားသူ မိသားစုဝင်များအား ဖမ်းဆီး

Posted by drmyochit Tuesday, June 17, 2014, under | No comments



တရုတ်ပြည် ဟူနန်နယ်က ကျေးရွာ တစ်ခုမှာတော့ အသက် ၉၀ ကျော် ရှိပြီဖြစ်တဲ့ အဘွားအို တစ်ဦးကို အစာ အငတ်ထားတဲ့ အတွက်ကြောင့် သူမရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရှောင်းမင်ဆု လို့ အမည်ရတဲ့ အဘွားအိုဟာ သူမရဲ့ အခန်းကျဉ်းထဲမှာ အစာအာဟာရ အနေနဲ့ သူမရဲ့ အိမ်နီးချင်းတွေက ပစ်ပေးတဲ့ ရေနဲ့ ဆန်ပြုတ်ခြောက်ကိုသာ စားပြီး တစ်လကြာ အသက်ရှင်နေခဲ့ရပါတယ်။ အဆိုပါ အစားအစာနဲ့ ရေကိုတော့ သူမရဲ့ ကလေးတွေ အပြင်သွားတဲ့အခိုက် အိမ်နီးချင်းတွေက သူမရဲ့ အခန်းထဲကို ပစ်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အပတ်ကတော့ သူမရဲ့ အကြောင်းကို အင်တာနက် စာမျက်နှာတစ်ခုမှာ ဖြော်ပခြင်း ခံရတဲ့ အတွက် ရဲများ သွားရောက်ကြည့်ရှုရာကနေ အဖြစ်မှန်ကို သိရှိခဲ့ကြခြင်း ဖြစ်ပါတယ်။

အဘွားရဲ့ သားနဲ့ သမီးဖြစ်သူကိုတော့ သွေးအေးအေးနဲ့ လူသားတစ်ဦးကို အစာရေစာ မကျွေးဘဲ အသက်ဆုံးရှုံးစေလိုမှု နဲ့ ဖမ်းဆီးထားပါတယ်။ ဖမ်းမိတဲ့ သားနဲ့ သမီးကတော့ လူတစ်ယောက်ကို အစာကျွေးရတာဟာ   ငွေကုန်ကြေးကျများပြီး ပင်ပန်းတဲ့ အတွက် ယခုလို လုပ်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

အဘွားကြီးက နေမကောင်းဖြစ်နေတယ်ဗျ။ နောက်ပြီး ဘယ်သူမှလည်း ဂရုစိုက် ပြုစုစောင့်ရှောက်ခြင်း မရှိကြဘူး။ အဲဒီ အတွက် သူတို့မှာ ၀န်ထုတ်ဝန်ပိုး ဖြစ်နေတယ်။ ဒါ့ကြောင့် သူမကို အခန်းတံခါး သော့ခတ်ပြီး အစာငတ်ခံထားလိုက်ရင် အာဟာရပြတ်ပြီး သေသွားဖို့ ကြံစည်ထားတာ လို့ ရဲသားတစ်ဦးက ပြောပါတယ်။

နောက်ပြီး သူတို့ အဘွားကြီးကို အစာမကျွေးရုံတင် မကဘူး။ ရေချိုးခန်းလည်း ပေးမသုံးဘူး။ ဒါ့အပြင် ဘယ်သူနဲ့မှလည်း အတွေ့မခံဘူးလို့ ပြောပါသေးတယ်။

အိမ်သူ အိမ်သားတွေရဲ့ ပစ်ပယ်အကျဉ်းချခံထားရ ပေမယ့် အဘွားနေထိုင်ရာ ယန်ကျွန်းရွာက အိမ်နီးချင်းတွေကတော့ သူမကို ဂရုစိုက်ကြပါတယ်။ သူမ အစာမစားရလောက်ဘူး ထင်တဲ့ အိမ်နီးချင်းတွေရဲ့ ကောင်းမှုကြောင့် အဘွားဟာ ရေနဲ့ ဆန်ပြုတ်ခြောက်တွေ စားရပြီး တာဝန်သိသူ တစ်ဦးက အင်တာနက်မှာ တင်ခဲ့တဲ့ အတွက် ရဲတွေ သတိထားမိခဲ့ခြင်း ဖြစ်ပါတယ်။

အဘွားနဲ့ သူမရဲ့ ကလေးတွေ ကြားထဲမှာလည်း ဆက်ဆံရေး အတိမ်းအစောင်းတွေ ရှိခဲ့ကြပါတယ်။ ဒါ့အပြင် သူမက အိမ်အတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေတယ်လို့ ထင်ကြတဲ့အတွက် အစာမကျွေးဘဲ ထားလိုက်ခြင်း ဖြစ်တယ်လို့ အဆိုပါ ရဲသားကပဲ ပြောပါတယ်။ အကယ်၍ အစာအာဟာရဟ ပြတ်လို့ သူမသေဆုံးသွားရင်တော့ တာဝန်ရှိသူတွေကို သူမဘာသာ အစာမစားဘဲ နေတာလို့ ပြောဖို့ သူတို့ တိုင်ပင် စီစဉ်ခဲ့ကြပါတယ်။

အဲဒီ မိသားစုဝင်တွေက တကိုယ်ကောင်းဆန်ပြီး အသက်ကြီးလာတဲ့ အဘွားအိုကို ကြည့်ရှူစောင့်ရှောက်ချင်စိတ် မရှိတာနဲ့ သတ်ပစ်ဖို့ ကြိုးစားခဲ့ကြတာလို့လည်း ပြောခဲ့ပါတယ်။

World Myanmar News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်