Monday, January 14, 2013

လိုအပ်ချက်ကြောင့် ညပိုင်းတွင် အလုပ်လုပ်စားရသော မိန်းကလေးများအား KIA ခေါင်းဆောင် များမှ ခေါ်ဆောင်၍ သားမယား အဖြစ် ပြုကျင့်

Posted by drmyochit Monday, January 14, 2013, under | 2 comments

အစိုးရတပ်များနဲ့ တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း KIA ထိန်းချုပ်မှုအောက်ရှိတဲ့ ရွာတွေက လူအားလုံး လိုင်ဇာမြို့ ကို ရွှေ့ခိုင်းပြီး ဒုက္ခသည်များအဖြစ် နေထိုင်စေခဲ့ပါတယ်။ အစပိုင်းမှာတော့ ဆန်နဲ့စားစရာ အသင့် အတင့် ရရှိပြီး အချိန်ကာလကြာမြင့်လာတဲ့နောက်မှာ ထမင်းဝအောင် မစားရတဲ့ အခြေ အနေတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။ 

ဒုက္ခသည်စခန်းအတွင်း ရောက်ရှိလာသူများထဲက ကျန်းမာ သန်စွမ်း သူအ မျိုး သား များ ကို KIA လက်နက် ကိုင် အဖြစ် ၀င်ရောက်စေပြီး ရှေ့တန်းစစ်ဆင်ရေးနှ င့် မိုင်းေ ထာ င်ဖောက် ခွဲ ရေးတာဝန်များ ပေးအပ်ခဲ့တဲ့ အတွက် တိုက်ပွဲတွေမှာ သေဆုံးသူ၊ ထိခိုင်ဒဏ် ရာရသူ အများအပြား ရှိနေ၍ ပါဝင်ဆောင်ရွက်ခြင်း မပြုလိုသော်လည်း ဒုက္ခသည်စခန်းမှာရှိတဲ့ သားသမီး၊ ဇနီး၊ မိသားစုများမှာ KIA ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အတွက် ထွက်မပြေး နိုင်တာကြောင့် ဆက်လက် တိုက်ပွဲဝင် နေကြရ ပါတယ်။

တိုက်ခိုက်မှုတွေ အတွင်း သေဆုံးသွားသူ တွေရဲ့ မိသားစုတွေမှာ မည်သည့် ထောက်ပံ့မှုမှမရဘဲ ဒုက္ခသည် စခန်းမှာ အမှန် တကယ် ဒုက္ခရောက်လျက်ရှိကြောင်း သတင်းများ ရရှိပါတယ်။ မြို့ပေါ် ဒုက္ခသည်စခန်းရောက် အချို့မိသားစုများတွင် ၎င်းတို့၏ ခင်ပွန်းနှင့် သားသမီးအချို့ တိုက်ပွဲတွင် ရာမှာလည်းကောင်း၊ မိုင်းထောင်ရာမှာလည်းကောင်း သေဆုံးမှုများဖြစ်ပေါ်လျက်ရှိရာ လူသိမှာစိုး၍ ပွင့်လင်းစွာ ပင် ငိုကြွေးနိုင်မှုမရှိကြောင်း၊ ဆုတောင်းပွဲများလည်း မလုပ်ရဲ ဖြစ်နေကြပါတယ်။ KIA နယ်မြေရှိ ဒုက္ခသည် စခန်းမှ မိသားစုများမှလည်း KIA ၏ ထိန်းချုပ်ထားမှု ကြောင့် လည်းကောင်း၊ အသိမပေးဘဲ လျှို့ဝှက်ထားခြင်း ကြောင့် လည်းကောင်း များစွာဒုက္ခရောက် လျက်ရှိပါတယ်။

အစိုးရက ကူညီထောက်ပံ့ပေးနေသော ဒုက္ခသည်စခန်းတွင် ရှိနေသူများမှာလည်း စားသောက်ရေးမှာ ကူညီ ထောက်ပံ့မှုများကြောင့် အဆင်ပြေနေသော်လည်း ၀င်ငွေရသော စီးပွားရေး မလုပ်နိုင်ခြင်း၊ ကျန်း မာရေး လိုအပ်ချက်များ ရှိလာပါက အခက်အခဲဖြစ်နေခြင်းကြောင့် အရွယ် ရောက်သော မိန်းမပျိုလေး များနှင့် ညဦး ပိုင်း နှင့် ညဥ့်နက်ပိုင်းတွင် လုပ်ငန်းခွင်ဝင်၍ ငွေကြေး ရှာဖွေနေရခြင်း၊ထိုသို့လုပ်ကိုင်ရာတွင် တစ်ခါတစ်ရန် KIA များနှင့်တွေ့လျင် စခန်းသို့ခေါ်ဆောင်သွားခံရပြီ ခေါင်းဆောင်ကြီးများ၏ သားမယား အဖြစ် ပြုကျင့် ချင်းများကိုလည်း ခံရခြင်း၊လူငယ်များမှလည်း ဖိစီးမှုများကြောင့် မူးယစ် ဆေးဝါးသုံး စွဲခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ လုယက်မှုကျူးလွန်နေခြင်းတို့ကြောင့် ညပိုင်းအပြင်သွား လာမှုများ အခက်အခဲနှင့် ကြုံတွေ့ လျက်ရှိ ကြောင်း သိရှိရပါတယ်။

ဒီလိုဖြစ်နေရတာ ဘယ်သူ့ကြောင့်လဲ သေချာကြည့်မယ်ဆိုရင် ကချင် ပြည်နယ် ကိုချစ်ပါတယ်ဆို တဲ့ ကေအိုင်အေခေါင်းဆောင်တွေကြောင့်ဖြစ်နေရပါတယ်။ ကချင်ပြည်နယ် ကိုတယ်ဆိုပြီးသူတို့၏ စီး ပွားရေး၊ အာဏာ ရရှိရေးတာကြည့်နေတာကြောင့် ငြိမ်းချမ်းရေးနဲ့ အလှမ်း ကွာဝေးနေလျက်ရှိသည်။ ကချင်ပြည်နယ် အတွင်း နှစ်ဘက်တိုက်ခိုက်မှုကြောင့် စီးပွားရေး အခက်အခဲဖြစ်ပေါ်ခြင်း၊ မူးယစ်ဆေး သုံးစွဲ သူများပြားခြင်း၊ မိန်းကလေးများ အကျင့်စာရိတ္တပျက်ပြား ခြင်း၊ ခိုး၊ ဆိုး၊ လုယက်မှုများပြားလာခြင်းကြောင့် အရပ်သားပြည်သူများနှင့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ အနေဖြင့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေရန် ဆန္ဒရှိကြပါကြောင်း ပြောကြားခဲ့ ပါတယ်။

From: Myanmar Daily Star Group

Myanmar Forward

2 comments:

ဝမ်ပေါင်တိုင်းပြည်ထူထောင်တာကထူးဆန်းနေပါတယ်ကချင်ပြည်နယ်ကမြန်မာ ပြည်ထဲကပါ ဝမ်ပေါင်ဆိုတာတရုတ်နာမည်ပါ မြန်မာပြည်ကိုတရုတ်နာမည်တပ်တော့ကချင်ခေါင်း ဆောင်တွေဟာတရုတ်သွေးပါနေပါတယ်ဒါ ကြောင့်အစိုးရကငြိမ်းချမ်းရေးကမ်းလှမ်းတိုင်းကချင်တ ရုတ်သွေးပါတဲ့ခေါင်းဆောင်တွေကငြင်းပယ်ခဲ့ပါတယ်ဒါကိုမသိတဲ့တိုင်းရင်းသားတွေကတရုတ်အတွပါက်သေပေးနေရပါတယ်ဖြစ်သင့်တာကငြိမ်းချမ်းရေးယူပြီးဖြစ်နေရမှာတ ရုတ်ကြောင့်တိုင်းရင်းသားနဲ့စစ်သားတွေအလကားကျဆုံးနေပါတယ်ကချင်ပြည်ကိုကာကွယ်ပါအလကားနေနဲ့တိုင်းရင်းသားတွေမသေစေချင်ပါဘူးစစ်ဖြစ်ရတဲ့စာရိတ်ကမ နည်းပါဘူးမတည့်လေတရုတ်ကကြိုက်လေ

တရုတ်ကလူဦးရေများနေတယ်နေစရာမရှိ အနာဂတ်မရှိဖြစ်နေတယ် အထူးသဖြင့်မိန်းကလေးတစ်ယောက်ကိုယောက်ကျား လေးနှစ်ယောက်အချိုးဖြစ်နေတယ်ဒီတော့နေစရာပေါတဲ့နေရာကိုမျက်စိကျနေပါတယ်ခုဆိုဂယိရှောင်ကမိန်းကလေးအယောကိနှစ်ဆယိနဲ့လက်နက်ဝယ်လိုက်ပါတယ်ဘယ်သူကောင်းလဲတရုတ်ကောင်းတယ်လေဘယ်သူခံရလဲမြန်မာ တိုငိးရင်းသူမိန်းကလေးတွေခံလိုက်ရတယ်ဂယ်ရှောင် ကောင်းလားဆိုတော့သူလဲဆေးရုံတက်နေရတယ်စဉ်းစားပါဆကိမမိုက်ပါနဲ့ဆက်မိုက်ရင်သေတော့မယ့်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်