Thursday, June 19, 2014

ကချင်နှင့် လီဆူး တိုင်းရင်းသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး

Posted by drmyochit Thursday, June 19, 2014, under | No comments

ဇွန်လ ၁၉ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့၊ အောင်မြေ(၁)ကျေးရွာ၊ ရပ်ကွက်(၃)၌ နေထိုင်သော ဒေသခံကချင်နှင့် လီဆူး တိုင်းရင်း သားများအား KIA အဖွဲ့မှ ဇွန် ၁၇ ရက် ည ၉ နာရီ ခန့်တွင် အတင်းအကြပ်လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ဦးမာဘွန် (၃၀)နှစ်၊ ကချင်/ခရစ်ယာန်၊ ဦးတုန်ဝူး(၂၈)နှစ်၊ လီဆူး/ ခရစ်ယာန်၊ ဦးမာနော် (၄၄)နှစ်၊ ကချင်/ခရစ်ယာန် တို့ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

KIA အဖွဲ့၏ လူသစ်စုဆောင်းမှုလုပ်ရပ်များအပေါ် လုံးဝလက်မခံနိုင်သော ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့( ကချင် ပြည်နယ်) မှ နေပြည်တော်ရှိ သမ္မတထံ သွားရောက်တိုင်ကြားမှုများ ပြုလုပ်နေသော်လည်း KIA ကတော့ လူသစ်စုဆောင်းမှုကို လုပ်နေဆဲဖြစ်ကြောင်း ၀ိုင်းမော်မြို့ခံ ဦးအိုက်လျှန်က ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ကွက်(၃)၌ နေထိုင်သော ဖမ်းဆီးခံရသူများနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက “ ည ၉ နာရီလောက် အတင်းဖမ်းခေါ်သွားတာ၊ ဘာအကြောင်းပြချက်မှ မပေးဘဲနဲ့ ရိုက်ပုတ်ပြီး ကြိုးတုပ် ခေါ်သွားတာ၊ ကချင်လူမျိုးကို ကချင်စစ်သားက ပြန်နှိပ်စက်တာ ကချင်တိုင်းရင်းသားတွေအတွက် စိတ်မကောင်း စရာပါ ” ဟု ပြောကြားသွားသည်။

KIA အဖွဲ့မှ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခေါ်ဆောင်နေသော ဒေသခံများအား လူသစ်အဖြစ် အတင်းအကြပ် လုပ်ခိုင်းကြောင်း၊ လူသစ်မလုပ်ပါက သေနတ်ဖြင့် ပစ်သတ်သဖြင့် အများစုမှာ လူသစ်လုပ်သွား ရသူများကြောင်း၊ ယခင်က ရှမ်းတိုင်းရင်းသားများ အပါအ၀င် လီဆူး၊ ပလောင် များကိုသာ အဓိကစုဆောင်း သော်လည်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ သွားရောက်တိုင်ကြားမှုများရှိနေ၍ ဒေသခံ ကချင် များအား အတင်းအကြပ်စုဆောင်းနေခြင်း ဖြစ်ကြောင်း အငြိမ်းစားကျောင်းဆရာတစ်ဦးက ဆိုသည်။

KIA အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီမှု မရရှိသေးသော အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များ က ငြိမ်းချမ်းရေးရသော်လည်း ပျောက်ပျက်မသွားပါက ဒေသခံများအတွက် ပိုမိုခြိမ်းခြောက် လာနိုင် ကြောင်း၊ ဒေသခံများအပေါ် KIA အဖွဲ့၏ လူသစ်စု၊ ဆက်ကြေးကောက် အနိုင်အထက်ပြုခြင်းတို့ကို KIA ခေါင်းဆောင် ပိုင်းများအား တိုင်ကြားသော်လည်း တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိ၍ ဒေသခံ များမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ခါးသီးစွာ ခံစားနေရကြောင်း သိရှိရပါသည်။

ဇော်မိုင်
ဓာတ်ပုံ- အင်တာနက်
Kachin Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်