Thursday, June 19, 2014

မာရာကာနာကွင်းအတွင်းဝင်ရောက်ကြိုးပမ်းခဲ့သည့် လက်မှတ်မဲ့ ချီလီပရိသတ်များ ဖမ်းဆီးခံရ

Posted by drmyochit Thursday, June 19, 2014, under | No comments


အောင်ငြိမ်းသွေး

ဘရာဇီး၊ ဇွန် ၁၉

စပိန်အသင်းနှင့် ချီလီအသင်းတို့ ယှဉ်ပြိုင်မည့် ပွဲစဉ်မတိုင်မီ ပြိုင်ပွဲကျင်းပရာ မာရာကာနာကွင်းအတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သည့် လက်မှတ်မဲ့ချီလီပရိသတ်များကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ဖီဖာက ထုတ်ပြန်ကြေညာခဲ့သည်။

လက်မှတ်မဲ့ ချီလီပရိသတ် ၈၅ ဦးခန့်သည် မာရာကာနာကွင်းအတွင်းရှိ မီဒီယာစင်တာကို ချိုးဖျက်ပြီး ပွဲကြည့်စင်သို့ သွားရောက်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

ထိုပရိသတ်များသည် ပွဲကြည့်ရှုခွင့်ရရှိရန်အတွက် လုံခြုံရေးဂိတ်ကို စတင်ချိုးဖျက်ကာ အတွင်းပိုင်းသို့ ၀င်ရောက် ခဲ့ကြပြီး တံခါးများ၊ ယာယီတည်ဆောက်ထားသော တံတိုင်းများကိုချိုးဖျက်ခဲ့ကြသည်။
ထိုသို့အ ကြမ်းဖက်ခဲ့သည့်အတွက် ကွင်းလုံခြုံရေးဝန်ထမ်းများနှင့် ပြိုင်ပွဲလုံခြုံရေးများက ထိုပရိတ်သတ်များကို ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး မီဒီယာစင်တာ၏လျှောက်လမ်းတွင် စောင့်လျှောက်ထိန်းသိမ်းထားခဲ့သည်။ ထို့နောက် ရီယိုဒီဂျနေးရိုးမြို့ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

ပရိသတ်များကို ဦးဆောင်ထိန်းသိမ်းမည့်သူမပါဝင်ခဲ့ဘဲ ယခုကဲ့သို့ ပြစ်မှုများကျူးလွန်ခဲ့ကြသည့်အတွက် ထိုလုပ်ရပ်များကို ဖီဖာက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့သည်။

ဖီဖာ၏တွစ်တာအကောင့်တွင် “မာရာကာနာကွင်းမှာ ကျင်းပခဲ့တဲ့ စပိန်နဲ့ချီလီတို့ရဲ့ ပွဲမတိုင်မီမှာ လက်မှတ်မဲ့ ပရိသတ်များဟာ ကွင်းအတွင်းကို ၀င်ရောက်ဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့ဟာ လုံခြုံရေးဂိတ်တွေနဲ့ အကာအရံတွေကို ချိုးဖျက်ဝင်ရောက်ခဲ့ကြ ပေမယ့် ထိုင်ခုံတွေကိုတော့ ချိုးဖျက်ခြင်း မရှိခဲ့ကြပါဘူး။ ဒီအခြေအနေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခဲ့ကြတဲ့ ပရိသတ် ၈၅ ဦးခန့်ကို ရီယိုဒီဂျနေးရိုး ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖီဖာအနေနဲ့ ဒီဖြစ်ရပ်ကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပါတယ်။ နောက်နောင် ဒီလိုဖြစ်ရပ်မျိုးတွေ မဖြစ်ပွားဖို့ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ရေးသားထားသည်။

ယခုဖြစ်ရပ်တွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ် ကျင်းပမည့် မာရာကာနာကွင်း၏ ဒုတိယလုံခြုံရေးဂိတ်အထိ ကျိုးပျက် သွားခဲ့ရသည့်အတွက် ဖီဖာနှင့် ရီယိုဒီဂျနေးရိုးမြို့ အာဏာပိုင်များ၏ စွမ်းဆောင်နိုင်ရည်နှင့် လုံခြုံရေးကို မေးခွန်းထုတ်လျက်ရှိကြသည်
ပြီးခဲ့သည့် အာဂျင်တီးနားနှင့် ဘော့စနီးယားပွဲစဉ်တွင်လည်း လက်မှတ်မဲ့ ပရိသတ် ၃၀ ဦးခန့်သည် ကွင်းအတွင်းသို့ ၀င်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

ရည်ညွှန်း ဂိုး
Mizzima Sport News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်