Thursday, May 29, 2014

ဗီယက်နမ်တွင် အဓိကရုဏ်းအပြီး ဒေသခံ ၆ သောင်း အလုပ်လက်မဲ့ဖြစ်

Posted by drmyochit Thursday, May 29, 2014, under | No comments

ဗီယက်နမ်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့စဉ်က
ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အဓိက ရုဏ်းဖြစ်အပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိတဲ့ စက်ရုံအများ အပြား ဖျက်ဆီးခံရလို့ နိုင်ငံတောင်ပိုင်းက ဘင်ဒူအွန် ခရိုင်မှာ ဒေသခံ အလုပ်သမား အယောက် ၆ သောင်း လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဗီယက်နမ်ရဲ့ ကုန်ထုတ်လုပ်မှု အချက်အချာ ဒေသဖြစ်တဲ့ ဒီခရိုင်ဟာ အဓိကရုဏ်းဒဏ်ကို အဆိုးဆုံး ခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ပိုင်တဲ့ စက်ရုံ ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

အလုပ်လက်မဲ့ လုပ်သားအယောက် ၄ သောင်းလောက်ကတော့ အမတော်ကြေး ရမှာ ဖြစ်ပြီး အယောက် ၂ သောင်းကတော့ လျော်ကြေးငွေ ရမယ်လို့ အလုပ်သမားအေဂျင်စီက ပြောပါတယ်။

ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းက အဓိကရုဏ်းအတွင်း တရုတ်ပြည်မကြီး၊ တိုင်ဝမ်နဲ့ ဟောင်ကောင်တို့က တရုတ်ကုမ္ပဏီတွေက ဒုက္ခအရောက်ဆုံး ဖြစ်ပါတယ်။

ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူကုမ္ပဏီတွေကတော့ ထိခိုက်ခဲ့ပြီး ပိတ်ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။

ဒီအဓိကရုဏ်းကြောင့် ဗီယက်နမ်နိုင်ငံတွင်း နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေကြပြီး ရင်းနှီးမြှုပ်နှံပြီးသားတွေကို ပြန်ရုပ်သိမ်းတာတွေ လုပ်နေကြတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ပြောပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်