Sunday, October 28, 2012

KIO မှာ ရိက္ခာ ခက်ခဲနေ၍ တစ်အိမ်ထောင်ကို ယခင်နှစ်ထက် စပါး နှစ်ဆ ဆက်ကြေးပေးရမည်

Posted by drmyochit Sunday, October 28, 2012, under | No comments



KIO ဟာ အစိုးရတပ်များနှင့် တိုက်ပွဲကာလရှည်ကြာသည်နှင့်အမျှ ရိက္ခာနှင့် ငွေကြေးများစွာ လိုအပ် လျက်ရှိ သဖြင့် ဆက်ကြေးတောင်းခံခြင်းနှင့် စပါးတောင်းခံခြင်းများကို တိုးချဲ့ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။


KIO ဟာ နှစ်စဉ် ရိက္ခာလိုအပ်ချက်ကို ဖြည့်တင်းရန် စပါးပေါ်ချိန်တိုင်း ကချင်ပြည်နယ်တွင် နေထိုင်သူ အိမ်ထောင် စု တစ်စုလျှင် ပုံမှန်စပါး(၁)တင်းတောင်းခံခဲ့သော်လည်း ယခုနှစ်တွင် စပါး(၂)နှစ်တင်းပေးရန် တိုက်နယ် အလိုက် ညွှန်ကြားထားရှိကြောင်း သိရပြီး တိုက်နယ်မှူးများမှ ကျေးရွာ/ရပ်ကွက်များသို့ ထပ်ဆင့် တောင်းခံမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် KIA တပ်မဟာ(၃) ရင်း(၁၂)လက်အောက်ခံ မလိပါတိုက်နယ်ရုံးမှ တိုက်နယ်မှူး တန်ဂွန်းဦးစီး အဖွဲ့ဝင်(၂)ဦးနှင့် ပြည်သူ့စစ်(၅)ဦးတို့သည် အောက်တိုဘာလ(၂၅)ရက်နေ့က မန်စီမြို့ နယ်၊ မန်ရရွာနှင့် တုံးပေရွာတို့တွင် အစည်းအဝေးပြုလုပ်ပြီး တစ်အိမ်ထောင်လျှင် ယခုစပါးပေါ်ချိန်မှစ၍ တစ်အိမ်ထောင်လျှင် စပါး(၂)တင်းနှုန်း ကောက်ခံမည်ဖြစ်ကြောင်း နှင့် စပါးမစိုက်သော အိမ်ထောင်စု များ မှလည်း စပါးဝယ်၍ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာအုပ်စုများသို့ အကြောင်းကြားခြင်းအား အောက်တိုဘာလ နောက်ဆုံးပါတ်နှင့် နိုဝင်ဘာလ ပထမပါတ်အတွင်း အပြီး အကြောင်းကြားသွားမှာဖြစ်ပါတယ်။သို့သော် KIO မှ စပါး(၂)တင်း ကောက်ခံခြင်းကြောင့် ဒေသခံများမှာ မကျေမနပ်ဖြစ်နေကြောင်းလည်း သိရပါတယ်။``အရင်က ပုံမှန် (၁)တင်းပဲပေးရတာ တစ်တင်း ဆိုရင်တောင် မိသားစုစားဖို့ထဲက ဖဲ့ပေးရတာ၊ မပေးချင်ဘူး။ မပေးဘဲနေရင်လည်း အသတ်ခံရအုံးမယ်၊ ပေးရင် လည်း ကိုယ်က အငတ်ခံရအုံးမယ်၊ ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူး။ ကျွန်မတို့တော့ ဒီပြည်နယ်ကနေတောင် ပြောင်းပြေး ချင်လာပြီ´´ ဟု မန်စီဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်