Saturday, March 30, 2013

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အသစ်အဆန်းမဟုတ်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က တုံ့ပြန်

Posted by drmyochit Saturday, March 30, 2013, under | No comments

မြောက် ကိုရီး ယား၏ ခြိမ်းခြောက် မှုကြောင့် တုန် လှုပ် ခြောက် ခြား မှုများ ဖြစ်ပေါ် လာသော် လည်း အမေရိကန် ပင်တဂွန် စစ် ဋ္ဌာနချုပ်နှင့် တောင် ကိုရီးယား အစိုး ရတို့က ယင်းမှာ အသစ် အဆန်း မဟုတ်ဟု ဆိုကာ ပယ်ချ လိုက်ကြောင်း သိရသည်။
        

အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဋ္ဌာနမှ ထိပ်တန်း အရာ ရှိ တစ် ဦးက "အက်ကြောင်း ထပ်နေပြီး သားကို ပြန်နွှေး တာထက် မပို ပါဘူး" ဟုသာ မတ်လ ၃၀ ရက်နေ့ အနှောင်း ပိုင်းတွင် ပြောကြား ခဲ့သည်။ သို့သော် ယင်း အရာ ရှိသည် မီဒီယာ များသို့ ထုတ်ဖော် ပြောဆို ခွင့်ရှိသူ မဟုတ် ဟု ဆိုကာ အမည် ဖော်ပြခွင့် မပြုခဲ့ပေ။ အမေရိကန် သမ္မတအား စစ်ပွဲနှင့် ပတ်သက်၍ အကြံ ပေးနေသော အမျိုးသား လုံခြုံရေး ကောင်စီကလည်း မြောက် ကိုရီး ယား၏ ကြေညာ ချက်မှာ အဓိပ္ပာယ် မရှိဘဲ ခြိမ်းခြောက် မှုကို ပိုမို လေး နက်အောင် ပြုလုပ် ခြင်းသာ ဖြစ် သည် ဟု ဆိုသည်။

အမျိုးသား လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကိတ်တလင်းဟေဒင်က မြောက် ကိုရီး ယား သည် ရန် စသော စကား များနှင့် ခြိမ်းခြောက် မှုများကို ပြုလုပ် ခဲ့ဖူးသည့် သမိုင်းကြောင်း ရှည်လျားစွာ ရှိ ခဲ့ပြီး ယခုကြေ ညာချက်မှာလည်း ယင်းပုံ စံမျိုးပင် ဖြစ်သည် ဟု ဆိုသည်။

တောင် ကိုရီး ယားကလည်း မြောက် ကိုရီးယား၏ နောက်ဆုံး ခြိမ်းခြောက် မှုကို အန္တရာယ် ကျရောက် လု ဆဲဆဲ အခြေ အနေဟု ယူဆခြင်း မပြုပေ။ မြောက် ကိုရီးယား၏ ခြိမ်းခြောက် မှုသည် အသစ် မဟုတ်ဟု တောင် ကိုရီး ယား၏ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး ဋ္ဌာနက ကြေညာ ချက် ထုတ်ပြန် ခဲ့သည်။

Ref:CNN
Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်