Friday, March 29, 2013

ဆင်းကဒ်ဈေး ထောင် ဂဏန်းဖြင့် ချထား ပေးပါက ဟန်းဆက် ဆိုင်များက အခမဲ့ပေးမည်

Posted by drmyochit Friday, March 29, 2013, under | No comments


နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း မျှဖြင့် အမှန်တကယ် ဈေးလျှော့ချ ပေးမည် ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ် အခ မဲ့ပေးကာ ဟန်းဆက် များကိုသာ ဦးစားပေး ရောင်းချ သွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိရသည်။ နောက် ဆုံး ထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ် လျှင် ကျပ် နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင် နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင် တန်ဖိုးနည်း ဖုန်းများ ချထားပေးရန် စီ စဉ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

 “တကယ် သာ ထောင် ဂဏန်း လောက် နဲ့ ဆိုရင် ကျွန်တော်တို့လည်း ဟန်းဆက် ဝယ်တဲ့ သူကို ဆင်း ကဒ် အလကား ပေးတဲ့ ဈေးကွက် ဖော်ဆောင် သွားဖို့ ရှိတယ်။ ဟန်းဆက် ဆိုင် တော်တော် များများကလည်း ဒီလိုဈေးကွက် Promotion လုပ်ကြမှာဆိုတော့ ကျွန်တော် တို့လည်း လုပ်ဖြစ်မှာပါ ဟု ဗိုလ်အောင်ကျော် လမ်းရှိ Mobile Bank ဟန်းဆက် အရောင်း ဆိုင်မှ တာဝန်ခံ ကိုသော်ဇင်က ဆိုသည်။ ရန်ကုန်မြို့ တွင်းရှိ ဟန်းဆက် အရောင်းဆိုင် အများ စုမှာလည်း ကနဦး သတင်း ထွက်ပေါ်နေသည့်အတိုင်း ဆင်းကဒ်ဈေး ထောင်ဂဏန်းမျှသာ ရှိမည် ဆိုပါက ထိုသို့ အခမဲ့ပေးသွားရန် စီစဉ်ကြ သော်လည်း အချို့သော ဆိုင်များမှာမူ ဈေးနှုန်း အတည် အကျ ထွက်ပေါ်မှသာ ဈေးကွက် အနေ အထားအရ လုပ်ဆောင် သွားရန် စောင့်ကြည့် နေဆဲဟု သိရသည်။ 

“အချို့ဆိုင် တွေ ကတော့ ဆင်းကဒ် အခမဲ့ ပေးဖို့ ပြင်ကြ ပေမယ့် ကျွန်တော် တို့ကတော့ လောလောဆယ် ဟန်းဆက် ဈေးနဲ့ ပစ္စည်းမှန်ဖြစ်ရေးကိုပဲ ဦးစား ပေး နေတာပါ။ နောက်တော့ ဈေးကွက် အနေအထားအရတော့ ပိုင်ရှင်က အစီစဉ် သစ် တစ်ခုခု စီစဉ် သွားမယ် ထင်တယ် ဟု New Moile ဟန်းဆက်အရောင်းဆိုင် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ နိုင်ငံတော်မှ တန်ဖိုးနည်း ဖုန်းများကို ဧပြီ ၁ ရက်တွင် ရောင်းချ ပေးသွား မည်ဟု ဆိုသော်လည်း ပြင်ပ ဟန်းဆက် အရောင်း ဆိုင်များမှ တိုက်ရိုက်ရယူ ရောင်းချခွင့်ရှိ မရှိကိုမူ မသိရှိရ သေးကြောင်းလည်း Mobile အရောင်း ဆိုင်များက ဆိုသည်။

 ထိုသို့ အများ ပြည်သူ လက်လှမ်း မီနိုင်မည့် မမျှော်လင့်သော နှုန်းဖြင့် ဆင်းကဒ်များ ချထားပေးသွား မည်ဟု အ တည် ပြု သတင်း ထွက်ပေါ် ခဲ့ပြီးနောက် ဟန်းဆက် ကြိုတင် စုဆောင်းမှု များကြောင့် ဟန်း ဆက် ဈေးကွက် အနည်းငယ် လှုပ်ခတ်မှု ရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုထွက် ပေါ်မည့် ဖုန်းလိုင်း စနစ်မှာ တန်ဖိုးနည်းဆင်းကဒ်နှင့် သုံးစွဲ၍ မရမည်ကို စိုးရိမ်မှု များကြောင့် အခြေအနေ စောင့်ကြည့်နေခြင်းများလည်း ရှိသည်ဟု ဆင်းကဒ်ဝယ်ရန် စောင့်ဆိုင်း နေသူ တစ်ဦးက ပြောဆိုသည်။ “ဆင်းကတ်တွေ အလကားပေးမယ် ဆိုပေမယ့်လို့ ဟန်းဆက် ဈေးထဲမှာပဲ ဆင်းကဒ်တန်ဖိုး ထည့်ထားမယ်ဆိုရင်တော့ မဟုတ်သေးဘူး။

 အရောင်းမြှင့် တင်ရေး သဘောနဲ့ သက် သက်ပေးတာ ဆိုရင်တော့ အဲဒီလိုပေးတဲ့ ဆိုင်မှာပဲ ဝယ်ဖြစ် မှာပါ ဟု အဆိုပါ ပုဂ္ဂိုလ်က ၎င်း၏ ဆန္ဒအား ပြောပြ ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ် တွင် ဖော်ပြထား ပါသည်။

From: ခေတ်လူငယ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်