Friday, March 29, 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွား ခဲ့သည့် ပဋိ ပက္ခ ဖြစ်စဉ်နှင့် အခြား မြို့များတွင် ဖြစ်ပွား ခဲ့သည့် ပဋိ ပက္ခ များ၌ သေဆုံးသူ ၄၂ ဦးနှင့် အမှုဖြင့် ဖမ်းဆီး ထားသည့် တရားခံ ၆၈ ဦးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

Posted by drmyochit Friday, March 29, 2013, under | No comments

မတ်လ ၂ဝ ရက်နေ့တွင် မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွား ခဲ့သည့် ပဋိ ပက္ခ ဖြစ်စဉ် များ၌ မတ်လ ၂၈ ရက်နေ့ အထိ သေဆုံးသူ ၄၂ ဦး၊ အမှုဖြင့် ဖမ်းဆီး ထားသူ ၆၈ ဦး ရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဇာနည် Facebook စာမျက် နှာမှ တစ်ဆင့် သတင်း ထုတ်ပြန် ခဲ့သည်။

မတ်လ ၂ဝ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီ အထိ ဖြစ်ပွား ခဲ့သော နေပြည်တော် ကောင်စီ နယ်မြေ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် များမှ ထိခိုက်၊ ဒဏ်ရာရ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံး စာရင်းများအား မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ သတင်း ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပဋိ ပက္ခ ဖြစ်စဉ် များကြောင့် သေဆုံးသူ ၄၂ ဦး၊ ဆေးရုံ တက်ရောက် ကုသသူ ၉၃ ဦး၊ ဆေးရုံမှ ဆင်း သွားသူ ၆၃ ဦးနှင့် ကုသဆဲ ၃ဝ ဦး ရှိကြောင်းနှင့် အမှုဖြင့် ဖမ်းဆီး ထားသည့် တရားခံ ၆၈ ဦးနှင့် မသ င်္ကာ၍ စစ်ဆေး နေသူ ၁၅ ဦး ရှိကြောင်း သိရသည်။

ယင်း ပဋိပက္ခ ဖြစ်စဉ် များ၌ အကြမ်း ဖက်သူ များက နေအိမ် အဆောက် အဦများ၊ ဘာသာရေး အဆောက် အဦများ၊ ဈေးဆိုင်ခန်း များနှင့် အခြား ပစ္စည်း များအား မီရှို့ ဖျက်ဆီး ခြင်းများ ပြုလုပ် ခဲ့ရာ လူနေအိမ် ၁၂၂၇ လုံး၊ ဈေးဆိုင်ခန်း ၇၇ ခန်း၊ ရုံး ၁ ရုံး၊ ဘာသာရေး အဆောက် အဦ ၃၇ လုံး၊ ဆန်စက်/ဂိုဒေါင် ၄ လုံး၊ ကား/ထော်လာဂျီ ၂၁ စီး၊ ဆိုင်ကယ် ၁၂ စီး၊ သုံးဘီး ဆိုင်ကယ် ၃ စီးတို့ ပျက်စီး ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ပါဝင်သည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်