Friday, March 29, 2013

ဗြိတိန် မိန်းက လေးငယ် တစ်ဦး ခွေးများ ဝိုင်းဝန်း ကိုက်ခဲ့ မှုကြောင့် သေဆုံး

Posted by drmyochit Friday, March 29, 2013, under | No comments

ဂရိတ်တား မန်ချက်စတာ အရပ်တွင် နေထိုင်သည့် အသက် (၁၄)နှစ် အရွယ် ဂျိတ်အန် ဒါဆန်အား ရိုင်းစိုင်း ဒေါ သ ထွက်နေသော အိမ်မွေး ခွေး များက ဝိုင်းဝန်း တိုက်ခိုက် သဖြင့် မိန်းကလေး သေဆုံး သွားသည့် ကိစ္စ သည် ဗြိတိန် တစ်နိုင်ငံ လုံးကို ခြောက်ခြား သွားစေ ခဲ့သည်။ 


ဂရိတ်တား မန်ချက်စတာ အရပ်တွင် နေထိုင်သည့် အသက် (၁၄)နှစ် အရွယ် ဂျိတ်အန် ဒါဆန်အား ရိုင်းစိုင်း ဒေါသ ထွက်နေသော အိမ်မွေးခွေး များက ဝိုင်းဝန်း တိုက်ခိုက် သဖြင့် မိန်း ကလေး သေဆုံး သွားသည့် ကိစ္စ သည် ဗြိတိန် တစ်နိုင်ငံလုံးကို ခြောက်ခြား သွားစေ ခဲ့သည်။ ခွေးများ ကိုက်ခဲ မှုကြောင့် သေဆုံး သွားရှာသည့် မိန်းကလေး ငယ် အတွက် မိသားစုနှင့် သူငယ်ချင်း များက ကြေကွဲ ဝမ်းနည်းမှု အထိမ်း အမှတ် အခမ်း အနား တစ်ရပ် ကျင်းပ ခဲ့ကြောင်း သိရှိရသည်။ ယင်း၏ နောက်ဆက်တွဲ ဂယက်အဖြစ် အစိုးရအား အိမ်မွေး တိရစ္ဆာန် ဆိုင်ရာ စည်းမျဉ်း များ ပြန်လည် လေ့လာ စီစစ်ပေးရန် တောင်းဆို မှုများပင် ရှိလာခဲ့သည်။


(ခွေးကိုက်ခံရသဖြင့် သေဆုံးသွားသည့် ဂျိတ်အန်ဒါဆန်အား သူမ၏မိခင်နှင့်အတူ တွေ့ရစဉ်)

နေအိမ်တွင် ခွေးမွေးခြင်းနှင့် ပတ်သက်၍ စံနှုန်းများကို ယခင်ကလည်း ဗြိတိန်တွင် အလေးအနက် ဆွေးနွေး ဖူးပြီး ယခုအခါ ယင်းကိစ္စ တစ်ကျော့ပြန် အားကောင်းလာဖွယ် ရှိနေသည်။ ဝီဂန် အနီးရှိ အေသာ တန်တွင် အိမ်တစ် အိမ်၌ မွေးထား သည့် ခွေး(၅)ကောင်က ဂျိတ်အား ကိုက်ခဲ သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စ အတွက် ခွေးများကို သုတ်သင် ခဲ့သော်လည်း တာဝန် မဲ့သော ခွေးပိုင် ရှင်ကို ရာဇ ဝတ်ကြောင်း အရ တရား စွဲနိုင်ရန် အလားအလာ နည်းပါးနေသည်။ ရဲတပ်ဖွဲ့ကမူ အဆိုပါ ဖြစ်စဉ်တွင် ရာဇဝတ်မှုနှင့် ဆက်နွယ် လောက်သော အကြောင်း ခြင်းရာ ရှိမရှိ မိမိတို့ စုံစမ်းမည်ဟု ပြောကြားထားသည်။


(ဂျိတ်အတွက် ဆုတောင်းပေးကြသူများ)

သဘာဝ ပတ်ဝန်းကျင် ကော်မတီ၏ ဥက္ကဖြစ်သူ အန်နီ မက္ကင်တော့ရှ်က "အစိုးရဟာ ဒီကိစ္စအတွက် ဥပဒေ မူကြမ်းကို အရေးတကြီး သတ်မှတ်သင့်ပါပြီ။ (၅)ပတ်၊ (၆)ပတ်လောက် ကြာလာပေမယ့် ဘာမှ ထူးခြား မလာဘူး။ ဒီဖြစ်စဉ်မှာ တာဝန်မဲ့တဲ့ အခြေအနေတွေအတွက် တိကျတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ချက် လိုအပ်နေ ပါတယ်"ဟု ဝေဖန်ခဲ့သည်။ ဂျိတ်ကို ခွေးတစ်ကောင်က ကိုက်ခဲနေဆဲ အနေအထားတွင် ဒဏ်ရာ ဗ ရပွဖြင့် တွေ့ရှိခဲ့ သည့်နောက် သူနာပြု တပ်ဖွဲ့များ ရောက်ရှိ လာချိန်တွင်မူ အသက် မရှိတော့ချေ။


(ဂျိတ်အန်ဒါဆန်) (ခွေးများပိုင်ရှင် ဘက်ဗ် ကွန်ကန်နွန်)

ယခု ကိစ္စတွင် ပါဝင် တိုက်ခိုက်သော ခွေး မျိုးစိတ် များကို အတည် မပြုရ သေးသော်လည်း (၂)ကောင်က Bull Mastiffများ၊ ကျန်(၂)ကောင်က Staffordshire Bull Terrierများ ဖြစ်ကြောင်း သတင်း အချို့ ထွက်ပေါ် နေသည်။ ခွေး(၄)ကောင်ကို ရဲများက ချက်ချင်း ပစ်သတ် ခဲ့ပြီး ပဉ္စ မမြောက် ခွေးကိုမူ အရှင် ဖမ်းမိ ခဲ့ပြီး ရဲများက ထိန်းသိမ်း ထားကြောင်း သိရှိရသည်။

(ဂျိတ်အန် ဒါဆန်အား ဝိုင်းဝန်းကိုက် ခဲခဲ့သည့် ခွေးများအနက် အချို့)



Source: Guardian

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်