Friday, March 29, 2013

ကွန်ပျူတာမှာ DVD Drive မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ

Posted by drmyochit Friday, March 29, 2013, under | No comments




DVD drive မကောင်းတော့ ဘူးဆို တာ သိသာ ထင်ရှား စေသော အချက် များမှာ

၁။DVD drive ကို BIOS မှလုံးဝ မသိ ရှိတော့ခြင်း..drive မှ cd disc ကိုဖတ်လျင် အရမ်း လေးလံ နေခြင်း..

၂။သက်တမ်း ကြာလာ၍ read/write speed ကျ ဆင်းခြင်း..

၃။drive ကို my computer တွင်တွေ့ သော်လည်း ဖွင့်လို့ မရခြင်း..

၎။drive မှ cd ထည့်သည့် tray မှာပြန်ထွက် မလာတော့ခြင်း..

၅။ခွေထည့်ပြီး ခန အတွင်းသာ ဖတ်ပြီးနောက် ဆက် မဖတ် နိုင်တော့ခြင်း....

၆။Rewriteable တွေမှာ write လုပ်လို့ မရ တော့ခြင်း....

၇။ drive မှ ဆူညံသံ ကျယ်လောင်စွာ ထွက် ခြင်း...

၈။ disc တစ်ခုကို ဖတ်သည့် အခါ အတင်း ရုန်းပြီး ဖတ်နေ ရခြင်း စသော အချက် များမှာ dvd drive မကောင်း တော့သော လက္ခဏာများ ဖြစ်ပါတယ်…တစ်ခါ တစ်ရံမှာ virus ကြောင့် လည်း drive က မဖတ် နိုင်တာ ဖြစ်တတ် ပါတယ်…

 ဒီလို ဖြစ်လာရင် ဘာလုပ်မလဲ.. 


၁။ကွန်ပျူ တာမှာ dvd drive မပေါ်ဘူး ဆိုရင် dvd ကိုပေးတဲ့ molex or SATA ပါဝါကြိုး တပ်ထား သလား ကြည့်လိုက်ပါ..ပြီးရင် data cable ကြိုးတပ် ထား သလား ကြည့်ပါ.. နှစ်ခု စလုံး သေချာ တပ်ထားပါ လျက်နဲ့ bios မှာ မပေါ်ဘူး ဆိုရင် drive ကို bios ကတောင် မသိတော့ရင် drive ပျက်ဖို့ များပါတယ်.. ပိုသေချာ သွားအောင် အခြား စက် တစ်လုံးမှာ သွားရောက် တပ်ဆင် ကြည့်ပါ..

၂။ သက်တမ်း ကြာလို့ read speed ကျဆင်း ရခြင်း မှာ dvd drive electric motor မကောင်း တော့တာ ဖြစ်နိုင် သလို lens မှာ မကောင်း တာလဲ ဖြစ်နိုင်ပါတယ် အများ အားဖြင့် အထဲက lens ကို cleaning kid နဲ့ သန့်စင် လိုက်ရင် နဂို အနေ အထားတိုင်း ပြန်လည် ကောင်းမွန် တတ်ပါ တယ်..

၃။Drive ကို my computer မှာတွေ့ ပေမဲ့လို့ ဖွင့်လို့ မရခြင်းမှာ drive အား အသုံး ပြုခွင့် Permission ပိတ်ထားခြင်း ဖြစ်နိုင် ပါတယ်..ဒါကြောင့် permission ကို ဖွင့်ပေး လိုက်လျင် ရနိုင်ပါတယ်.. နောက်တစ်ချက် ဖြစ်နိုင်တာက my computer မှာတွေ့တော့တွေ့ တယ်..ဒါပေမဲ့ ခွေထည့်ပြီးတော့ ဖတ်ကို မဖတ်ဘူး သူ့ ကို click နိုပ် လိုက် ရင်လည်း loading အကြာ ကြီးလည် နေတာ မျိုးတွေ့ ရတတ် ပါတယ်..အဲဒါ drive မကောင်း တော့တဲ့ လက္ခဏာ ဖြစ်ပါတယ်..တပ် ထားတဲ့ drive က cd rom ဖြစ်ပြီး ထည့်တဲ့ခွေက dvd disc ဖြစ်နေ ရင်လည်း ဖတ်မှာ မဟုတ် ဘူးနော်..

၎။Drive မှ ခွေထည့်ပြီး eject ပေးသော်လည်း ပြန်ထွက် မလာခြင်းမှာ mechanically အရ ပျက်စီး နေတတ် ပါတယ် tray ကို ပြန်လည် တွန်းထုတ် ပေးမည့် မော်တာ အလုပ် မလုပ် နိုင်ခြင်း ဖြစ်နိုင် ပါတယ်.. ဒါဆိုရင် dvd drive မျက်နှာ ပြင်မှာ အပေါက် သေးသေးလေး တစ်ခုရှိ ပါတယ် သူ့ကို paper clip လေးနဲ့ ထိုး လိုက်ပါ..drive ပြန်ထွက် လာပါ လိမ့်မယ် အောက်ကပုံ အတိုင်းဖြစ်ပါ တယ်..mechanical အရ တပ်ဆင်မှု လွဲတာ ဆိုရင် drive ကိုဖွင့်ပြီး အံ ကျအောင် သေချာ ပြန်လည် တတ်ဆင် ပေးပါက ပြန်ကောင်း သွား နိုင် ပါတယ်..

၅။အချို့ drive များမှာ ခွေထည့်ပြီး ခဏ အတွင်းသာ ဖတ်ပြီးနောက်ပိုင်း ဆက် မဖတ် နိုင်တော့ တာမျိုး ကြုံတွေ့ ရတတ် ပါတယ်..ဥပမာ cd disc ခွေ ထဲက ဖိုင် တစ်ခုကို ဖတ်လိုက် တယ် နောက်ဖိုင် တွေကို ထပ်ဖွင့်တယ် ထပ်ဖွင့် လိုက်တဲ့ဖိုင် တွေကို မဖတ်နိုင် တော့ဘူး.. ဒါဆိုရင် drive မကောင်း တော့တာ ဖြစ်ပါတယ်..

၆။ DVD Rewriteable တွေမှာဆိုရင် rewrite လုပ်မပေး နိုင်တော့ဘူး ဒါကတော့ firmware နဲ့ ဆိုင်ပါတယ် firmware ကြောင် သွားရင် ဖြစ်တတ် ပါတယ် ဒါကြောင့် အဲလို ဖြစ်ခဲ့မယ် ဆိုရင် drive က အလုပ်တော့ လုပ်နေ ပါဦးမယ် သို့သော်လည်း rewrite လုပ်တဲ့ အခါ အဆင် ပြေတော့ မှာမ ဟုတ် ပါဘူး..

၇။ Drive ထဲကို cd disc ထည့် လိုက်တာနဲ့  အသံမှာ ပုံမှန် အသံထက် ဆူညံစွာ ထွက်နေခြင်း (သို့)တရစပ် ထွက် နေခြင်း မှာ ကောင်းသော လက္ခဏာ မဟုတ်ပေ ဒါကြောင့် drive ကို cleaning ပြန်လုပ် ခြင်းအားဖြင့်  ဤ ပြဿနာကို ပြေလည် သွားစေ နိုင်ပါတယ်..

၈။ disc ကို ဖတ်တော့ ဖတ်တယ် အတင်း ရုန်းပြီး ဖတ်နေ ရတယ် ဖိုင်ကို ဖွင့် လိုက်တယ် လေးငါး ဆယ်စက္ကန့် ကြာမှ ဖတ်နိင်တယ်.. တစ်ခါ တစ်လေကျ ဖတ်ပြီး တခါ တရံ ကျတော့ မဖတ် တော့ဘူး ဆိုရင် drive က ကြောင် သွားတာ ဖြစ်နိုင်တယ်..my computer ထဲမှာ dvd drive ကိုမတွေ့ ရင် device manager မှာ ၀င်စစ် ကြည့်ပါဦး dvd ကို enable ပေးထား သလားလို့  ..device manager ထဲမှာ disable ပေးထားတာ မျိုးဆိုရင် dvd drive ကို My computer ထဲမှာ တွေ့ ရမှာ မဟုတ် ပါဘူး…အကယ်၍ IDE cable ကြိုး တစ်ချောင်း တည်းမှာ Hard disk ရော CD Rom ရော တပ်ဆင်မယ် ဆိုရင် master /slave ခွဲပေးရပါမယ်..

အထက်က ဆွေးနွေး ခဲ့ တာတွေ အားလုံးက drive ဘက် က ပဲ ဖြစ်နိုင် တာ တွေကို ဆွေးနွေး ခဲ့ခြင်း ဖြစ် ပါတယ်.. မိမိ စက် မှာတော့ အထက် ကလို ပြဿနာ မျိုးတွေ ဖြစ်ပြီး အခြား စက် တစ်လုံး မှာတော့ အကောင်း ပကတိ အတိုင်း အလုပ် လုပ်တယ် ဆိုရင် drive ရဲ့ power ကြိုး ဒေတာ ကြိုး တို့ ကို .. ပြောင်းလဲ တပ်ဆင် ကြည့်ပါ.. ထိုနောက် IDE cable ဆိုလျင်လဲ data cable ကို port ပြောင်းတပ် ကြည့်ပါ..SATA port ကိုလည်း ထိုနည်း လည်း ကောင်းပါပဲ motherboard က port တွေကို ပြောင်း တတ်ကြည့်ပါ..ရံဖန်ရံခါ port တစ်ခုမှာ အလုပ် မလုပ် ပေမဲ့ နောက် port တစ်ခုနဲ့ အဆင်ပြေ သွားတာ ကိုလည်းကြုံ ရတတ် ပါတယ်..
ROM မကောင်း တော့ရင်ပဲ ဖြစ်ဖြစ် ရေးတဲ့ ဖတ်တဲ့ နှုန်းအား ကျဆင်း လာရင်ပဲ ဖြစ်ဖြစ် windows တင်တဲ့ အခါမှာ (သို့) disc တွေကို ခွေကူး ရာမှာ အရမ်း ကြာတတ် ပါတယ်.. ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ငါ့ ကွန်ပျူတာက windows တင်တာ မြန်တယ် ခဏလေး တွင်းပြီး သွားတယ် ဆိုတာ drive ကောင်းတာ မကောင်းတာနဲ့ သက်ဆိုင်ပြီး drive speed အနှေး အမြန်ပေါ် မူ တည်ပြီး ကွာသွား ခြင်း ဖြစ် ပါတယ်..

ကိုစံငြိမ်း
From: http://sun-itgarden.blogspot.com/2013/03/monitor.html#more 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်