Friday, March 29, 2013

အခန်းပြန်လည်ရရှိရန် အိုးအိမ်ရုံးအရှေ့၌ ဆန္ဒပြ

Posted by drmyochit Friday, March 29, 2013, under | No comments



ရန်ကုန်၊ မတ် ၂၉။
ယနေ့ နံနက် ဆယ်နာရီ ခန့်တွင် အိုးအိမ် ဦးစီးရုံး ရှေ့၌ ဆန္ဒပြသူ အယောက် (၃၀) ခန့်က အခန်း ပြန်လည် ရရှိရေး အတွက် ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

အခန်း ပြန်လည် ရရှိရေး (ဒို့အရေး)၊ နိုင်ငံသား နစ်နာမှု (အရေး ယူပေး)၊ မတရား သိမ်းယူမှု (အလို မရှိ) စသည့်ဖြင့် ဆန္ဒပြသူ အယောက်(၃၀)ခန့်က ကြွေးကျော် ဆန္ဒပြ ခဲ့ကြသည်။

ဦးတို့ အဆောက် အဦက နှစ်ထပ် ရှိတယ်။  အပေါ် မှာက  အ.မ.က (၁) ပန်းပဲတန်း ရှိတယ်။ ဦးတို့ ပြောချင် တာက အိုးအိမ်ကို (Up To Date) အခန်းလခ ပေးသွင် ထားတဲ့ သူတွေပါ။ ကျူးကျော် ၀င်ရောက် သူတွေ မဟုတ်ပါဘူး။ အခန်း ချထား ပေးတဲ့ စာရွက် စာတန်း တွေလည်း ရှိပါတယ်။ ဦးတို့ ကတော့ ဦးတို့ အခန်း ဦးတို့ ပြန်လည် ရရှိ ဖို့ပါပဲ ဟု စိန်မောင်က ပြောကြားသည်။

ယင်း ကိစ္စမှာ အမှတ် ၆၇၂/ ၆၈၀ ကုန်သည် လမ်း၊ ၂၈ လမ်းထိပ် အဆောက် အအုံ ၂ ထပ်တိုက် တွင် နေထိုင် ကြသော မိသားစုဝင် လေးစု နေထိုင်သော အဆောက် အအုံကို၂၀၀၉ ခုနှစ် နိုဝင် ဘာလတွင် အန္တရာယ် ရှိသော အဆောက် အအုံ အဖြစ် သတ် မှတ်ပြီး ၂၀၁၀ ခုနှစ် အတွင်း အခန်း ရှိ နေ သူ များကို သုံးရက် အတွင်း ဖယ် ခိုင်းပြီး သော့ များကို အိုးအိမ် ရုံးသို့ အပ်နှံ ခဲ့ရ ကြောင်းနှင့် ယခု အခါ တိုက် အသစ် ဆောက်လုပ် လျက် ရှိသော်လည်း အခွင့် အရေး တစ်စုံ တစ်ရာ မရ ရှိသောကြောင့် ဆန္ဒ ပြ ရ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုက် အသစ် ဆောက်လုပ်ရန် သုံးနှစ်ကျော် ကြာမြင့် ခဲ့ကြောင်းနှင့် အဆောက် အဦ ဆောက်လုပ် ရာတွင်လည်း အခန်း ပိုင်ရှင် များကို အသိပေး ဆောင်ရွက်ခြင်း မရှိ ကြောင်း လည်း မြေညီ ထပ်တွင် နေထိုင် ခဲ့သူ ဒေါ်သိန်း သိန်းက ပြောကြား ခဲ့သည်။

ယင်း အဆောက် အဦကို အောင်ချမ်းသာ ကုမ္ပဏီမှ ဆောက်လုပ်လျှက်ရှိကြောင်းလည်း သိရ သည်။ ၎င်း ကိစ္စနှင့် ပတ်သတ်၍ သက်ဆိုင်ရာ ဌာန အသီး သီးသို့ တင်ပြ ထားကြောင်း သိရသည်။

ပိုင်လေး
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်