Friday, March 29, 2013

ဘောလီးဝုဒ်မင်းသား ဆန်ဂျေးဒတ်အား ဗုံးကွဲမှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်

Posted by drmyochit Friday, March 29, 2013, under | No comments


အိန္ဒိယနိုင်ငံ ဘောလီးဝုဒ် ရုပ်ရှင် လောကမှ နာမည်ကြီး မင်းသား တစ်ဦး ဖြစ်သည့် ဆန်ဂျေး ဒတ်အား လက်နက် ခဲယမ်းများ တရား မဝင် ပိုင်ဆိုင် ထားရှိ မှုဖြင့် အိန္ဒိယ တရားရုံး ချုပ်က ထောင်ဒဏ် ၅ နှစ် ချမှတ် လိုက်သည်။ ဆန်းဂျေး ဒတ်အား တရား စွဲဆို ပြစ်ဒဏ် ချမှတ် မှုတွင် ၁၉၉၃ ခုနှစ်က မွမ်ဘိုင်း မြို့တွင် ဖြစ်ပွား ခဲ့သည့် ဗုံး ပေါက်ကွဲမှု ဖြစ်ရပ်နှင့် ဆက်စပ် နေကြောင်း လည်း သိရသည်။ အဆိုပါ ဗုံး ပေါက်ကွဲ မှုကြောင့် လူ ၂၅၇ ဦး သေဆုံး ခဲ့ရသည်။

ဆန်းဂျေး ဒတ်ထံမှ အော်တို မက်တစ် ရိုင်ဖယ် သေနတ် ၃ လက်နှင့် ပစ္စတို တစ်လက် တွေ့ရှိ ခဲ့ရပြီး အဆိုပါ လက်နက် များအား ၁၉၉၃ ခုနှစ် မွမ်ဘိုင်း ဗုံးပေါက် ကွဲမှု ကျူး လွန် ခဲ့ သူများ က ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မင်းသား ဆန်ဂျေး ဒတ်၏ အမှုကို နှစ်ပေါင်း ၁၈ နှစ်ကြာ စုံစမ်း စစ်ဆေး နေ ခဲ့ခြင်း လည်း ဖြစ်သည်။ ဗုံးပေါက်ပွဲမှုနှင့် ပတ်သက်၍ တစ်စုံ တစ်ရာ မသိရှိကြောင်း၊ သေနတ်များမှာ ၎င်း၏ မိသားစုကို ကာကွယ်ရန် ဆောင်ထား ခြင်းဖြစ်ကြောင်း ဆန်ဂျေးဒတ်က အခိုင်အမာ ထွက်ဆိုခဲ့သည်။

အစော ပိုင်း နှစ် များ က တည်းက အိန္ဒိယ တရား ရုံးချုပ်သည် ဆန်ဂျေး ဒတ်အား ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။ ထိုစဉ်က ဆန်ဂျေးဒတ်သည် အကျဉ်းထောင်တွင် ၁၈ လကြာ အကျဉ်း ကျ ခံ ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်၌ အာမခံဖြင့် ပြန်လည် လွတ်မြောက် လာခဲ့သည်။ ဆန်ဂျေး ဒတ်အား တရား ရုံးက အကြမ်း ဖက်မှု၊ ပူးပေါင်း ကြံစည်မှု စသည့်ပုဒ်မ အများ အပြားဖြင့် စွဲချက် တင်ခဲ့သည်။ ဆန်ဂျေးဒတ်သည် ယခုပြစ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်များ ချမှတ်ခံ ခဲ့ရကာ ပြဿနာ များကြုံ ခဲ့ရ သော်လည်း လွန်ခဲ့ သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဘောလီး ဝုဒ်တွင် အလွန် အောင်မြင် ကျော်ကြား ခဲ့သူဖြစ်သည်။ ၎င်း၏ မိခင်မှာ မွတ်ဆလင်မ် တစ်ဦး ဖြစ်ပြီး ဖခင်မှာ ဟိန္ဒူ ဖြစ်ကြောင်း Sky News တွင် ဖော်ပြသည်။

Source: SkyNews
Planet Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်