Friday, March 29, 2013

ပါကစ္စတန် အမျိုး သမီး အရေး လှုပ်ရှားသူ မာလာလာ၏ ဘဝ ဇာတ်ကြောင်း စာအုပ် ထုတ် ဝေမည်

Posted by drmyochit Friday, March 29, 2013, under | No comments

ပါကစ္စတန်အမျိုးသမီးအရေးလှုပ်ရှားသူ မာလာလာ၏ ဘဝဇာတ်ကြောင်းစာအုပ် ထုတ်ဝေမည်
ယခု နှစ်ကုန် ပိုင်းတွင် ပါကစ္စတန် ဆယ်ကျော်သက် မိန်းကလေး၏ ဘဝ ဇာတ်ကြောင်းကို သီကုံး ရေးသား ထားသည့် “I Am Malala” ဆိုသော စာအုပ်မှာ အင်္ဂလိပ် ဘာသာဖြင့် ထွက်ရှိ လာမည်ဟု သိရသည်။ 

အမျိုး သမီးများ ပညာ သင်ကြားခွင့် လှုပ်ရှားမှု များကြောင့် တာလီဘန် တို့၏ ရန်ငြှိုးဖွဲ့ လုပ်ကြံ မှုကို ခံခဲ့ ရသော်လည်း အသက် မသေ ခဲ့သည့် မာလာလာ ယူဆွတ်ဖ် ဇိုင်က သူမ၏ ဘဝ အတွက် စာအုပ် တစ်အုပ် ထုတ်ဝေရန် ခွင့်ပြု ထားကြောင်း သတင်းများ ထွက်ပေါ် လာသည်။ ယခု နှစ်ကုန် ပိုင်းတွင် ပါကစ္စတန် ဆယ်ကျော်သက် မိန်း ကလေး၏ ဘဝ ဇာတ်ကြောင်း ကို သီကုံး ရေးသား ထားသည့် “I Am Malala” ဆိုသော စာအုပ်မှာ အင်္ဂလိပ် ဘာသာဖြင့် ထွက်ရှိ လာမည်ဟု သိရသည်။ Weidenfeld & Nicholsonက အဆိုပါ စာအုပ်ကို ဖြန့်ဝေရန် အ တွက် ဒေါ်လာ(၃)သန်း မာလာ လာကို ပေးအပ် ခဲ့ကြောင်း Guardianက ဖော်ပြခဲ့ သည့်တိုင် သက် ဆိုင်ရာ စာအုပ် ထုတ်ဝေရေး လုပ်ငန်းက မှတ်ချက် ပေးရန် ငြင်းဆို ထားသည်။ 

မာလာလာ သည် ယခုအခါ သေနတ် ဒဏ်ရာ ကုသမှု ပျောက်ကင်း သည့်နောက် ဗြိတိန်တွင် ကျောင်းတက် နေပြီ ဖြစ်သည်။ သူမသည် ပါကစ္စ တန်တွင် အမျိုး သမီးများ ပညာ သင်ကြား ခွင့် ရရှိရေး အတွက် လှုံ့ဆော် ခဲ့သူဖြစ်ရာ တာလီဘန် အကြမ်းဖက် သမား များက မျက်မုန်း ကျိုးပြီး ကျောင်းကား ပေါ်တွင် ခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း ကံကောင်း ထောက်မစွာ အသက်ဘေးမှ လွတ်မြောက် ခဲ့သလို ယခု လတ် တလော အသက် (၁၅)နှစ် အရွယ်တွင် ကမ္ဘာသိ အာရုံစိုက် ခံရသူ တစ်ဦး ဖြစ်လာသည်။ သူမသည် ကျည်ဆန်ကြောင့် ထိခိုက် ပျက်စီးသွားသော ဦးခေါင်းခွံ တစ်ခြမ်းကို သတ္တု ဦးခွံဖြင့် ပြီးခဲ့သည့် လက အောင်မြင်စွာ အစားထိုး ခွဲစိတ် ကုသ ပေးမှုကို ခံယူခွင့် ရခဲ့သည်။

မာလာ လာက စာအုပ်နှင့် ပတ်သက်ပြီး "အဲဒီ စာအုပ်က တစ် ကမ္ဘာလုံးက လူတွေဆီ ပျံ့နှံ့ ရောက်ရှိ သွားပါစေလို့ ကျွန်မ မျှော်လင့်တယ်။ ဒါမှာ ကမ္ဘာပေါ်မှာ တချို့ ကလေးတွေ ပညာ သင်ဖို့ ဘယ် လောက်တောင် ခက်ခဲတယ် ဆိုတာကို လူတွေ ပိုသိ လာကြ မှာလေ။ ကျွန်မရဲ့ ဘဝ ဇာတ်ကြောင်းကို ပြောပြ ချင်ပါတယ်။ ပြီးတော့ ပညာသင်ခွင့် မရတဲ့ ကလေးငယ် (၆၁)သန်းရဲ့ အကြောင်းကို ပြောပြ ချင်ပါတယ်။ ကျွန်မ အနေနဲ့ ယောက်ျားလေး၊ မိန်းကလေး အားလုံး ကျောင်းကို သွားရောက်ဖို့ အခွင့် အရေး တူမျှ စေချင် ပါတယ်။ ဒါဟာ အခြေခံ အကျ ဆုံး ရပိုင်ခွင့် တစ်ခု ပဲလေ"ဟု မှတ်ချက် ပြုသွားသည်။

Source: LA Times
Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်