Friday, March 29, 2013

ဆရာမ အသွင်ပြောင်းမှ သေဆုံး ခဲ့ရသည့်ကျောင်းဆရာ

Posted by drmyochit Friday, March 29, 2013, under | No comments


လန်ကယ် ရှိုင်းယား၊ အက်ရင် တန်မြို့ရှိ စိန့်မေရီ မက်ဒါလန် ကျောင်းတွင် ဆရာ အဖြစ် တာဝန် ထမ်းဆောင် နေသည့် ဆရာ နာသန် အပ်တန်သည် ခရစ် စမတ် ကျောင်း ပိတ်ရက် ကုန်သည်နှင့် ကျောင်းပြန် တက်လျှင် မစ္စ မဲဒိုး အမည်ဖြင့် ကျောင်းပြန် တက်မည် ဖြစ်ကြောင်း ကျောင်း အာဏာပိုင် များက တရားဝင် သတင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ကျောင်း ပြန် ဖွင့်ချိန်တွင် ဆရာမ အသွင် ပြောင်းထားသည့် လူစီ မဲဒိုးအား သေဆုံး နေကြောင်း စုံစမ်း သိရှိ ရသည်။

ယခုနှစ် ဇန်နဝါ ရီလ ကျောင်းပြန် ဖွင့်ချိန်တွင် မိမိအား မိန်းကလေး တစ်ယောက် အသွင် ဝတ်စားပြီး ကျောင်းပြန် တက်ခွင့် ပြုမည် ဖြစ်သဖြင့် ကျေးဇူး တင်ကြောင်း အပ်တန်က ပြောကြား ခဲ့သေးသည်။

ကျောင်းမှ အာဏာ ပိုင်များက မိဘများ သို့ ပေးစာတွင်

"မစ္စတာ အပ်တန်သည် သူ့ဘဝကို လုံးဝ ပြောင်းလဲသည့် အနေဖြင့် အမျိုး သမီး ဘဝကို ခံယူ တော့ မည်ဖြစ် ကြောင်း၊ ခရစ် စမတ် အကုန် ကျောင်းပြန် ဖွင့်လျှင် မစ္စ မဲဒိုး အမည်ဖြင့် ကျောင်းပြန် တက် မည်ဖြစ်ကြောင်း" ရေးသား ထားသည်။
မဲဒိုး၏ အလောင်းကို အက်ရင် တန်မြို့ရှိ အိမ်အတွင်း တွေ့ရှိ ခဲ့ရ ခြင်းဖြစ်သည်။ မနက် ၄ နာရီ ၄၅ မိနစ် အချိန် တွင် ရဲများက ထိုအိမ်သို့ ရောက်ရှိ လာပြီး ဆေးရုံ ကားကို ခေါ် ခဲ့ကြောင်း၊ မဲဒိုးသည် အမျိုး သမီး တစ်ဦး အသွင် ဝတ်ဆင် ထားပြီး၊ ရုတ်တရက် သေဆုံး ပုံရကြောင်း၊ သူ့ အနီးတွင် မသင်္ကာ ဖွယ်ရာ တစ်စုံတစ်ခု မတွေ့ရှိ ရကြောင်း ရဲတပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ကျောင်း ဝဂ်ဘ်ဆိုက် တွင်လည်း ကျောင်း အုပ် ဆရာ မကြီး ကာရင် ဟာ့ဒ်မင်းက မစ္စ လူစီ မဲဒိုး ကွယ်လွန်သည့် အတွက် အလွန် ဝမ်းနည်း ရပါကြောင်း ရေးသား ထားသည်။

မဲဒိုး သည် သူ့ ကျောင်းသား များကို မိမိမှာ ဦးနှောက်က မိန်းကလေး၊ ခန္ဓာကိုယ်က ယောက်ျားလေး ဘဝဖြင့် မွေးဖွား လာခဲ့ သူဖြစ်ကြောင်း ပြောကြား လေ့ရှိသည်။

ဆရာ အပ်တန်သည် မိန်းကလေး ဘဝပြောင်းရန် လူ့ အခွင့် အရေး တစ်ရပ် အနေဖြင့် ကျောင်း အာဏာပိုင် များအား မကြာ ခဏ တိုက်ပွဲ ဆင်သောကြောင့် နောက်ဆုံးတွင် အမျိုး သမီး ဘဝဖြင့် ဝတ်စားပြီး ကျောင်းတက် ရန် ခွင့်ပြု လိုက် ရခြင်း ဖြစ်ကြောင်း သိရသည်။

မောက္ခ နိုင်ငံတကာသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်