Sunday, March 31, 2013

သမ္မတပြောသည့်အတိုင်း လိုက်လုပ်ရန်လိုအပ်ကြောင်း ဘာသာရေးခေါင်းဆောင်အချို့ ထောက်ပြ

Posted by drmyochit Sunday, March 31, 2013, under | No comments


မတ်လ ၂၈ ရက်နေ့တွင် ပြောကြား ခဲ့သည့် သမ္မတ၏ မိန့်ခွန်း တွင် ပါရှိသည့် တရား ဥပဒေ စိုးမိုးရေးတွင် အဓိက တာဝန် ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် တိုက် တွန်း ခဲ့သည့် တိုက်တွန်းချက်နှင့် ပတ်သတ်ပြီး လက်အောက်ခံ အဖွဲ့အစည်းများက လိုက်လံ လုပ်ဆောင် ရန် လိုကြောင်း ဘာသာရေး ခေါင်းဆောင် အချို့က  ထောက်ပြခဲ့သည်။

အစ္စလာမ် သာသနာရေး ကောင်စီ ဥက္ကဌ ဦးညွှန့်မောင် သျှိန်က “သမ္မတကြီး ပြောတဲ့ အတိုင်း လိုက်ပြီး အောက်က အဖွဲ့ အစည်း တွေက လိုက်လုပ်မှပဲ အဆင်ပြေနိုင်မယ်။ သမ္မတကြီး အမိန့်ရှိတဲ့ အတိုင်းကို အောက်က လိုက်လုပ် မယ်ဆိုရင် အဓိကရုဏ်း အတွက်ဘာမှ စိုးရိမ်စရာမရှိပါဘူး ” ဟု ဆိုသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပွား လျက်ရှိသော အဓိ ကရုဏ်း များအား ရပ်တန့်ကာ ငြိမ်းချမ်းရေး ကို အမြန် လို လားကြောင်း ဦးညွှန့်မောင်သျှိန်က ဆက်လက်ပြောခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ ၀င်များ အနေဖြင့် သမ္မတပြောဆိုသည့်အတိုင်း သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ လုပ်ဆောင် သင့်ကြောင်း ၎င်း က အကြံပေး ပြောဆိုခဲ့ သည်။

အဓိ ကရုဏ်းဖြစ် စဉ်များတွင် ရဲဝန်ထမ်းများသည် အထက်မှ အမိန့် ညွှန်ကြားချက်အား စောင့်ဆိုင်းမှုများ ရှိနေခြင်းကြောင့် အချိန်မှီ တားဆီးမှု မပြုလုပ်နိုင်ခဲ့ကြောင်း ရွှေည၀ါ ဆရာတော် ကြီးက မိန့်သည်။

ဆရာ တော်ကြီးက “  အထက် အမိန့် စောင့်ရင်း စောင့်ရင်းနဲ့ ရှေ့က ဖျက်ဆီး နေတာကို ရပ်ကြည့်  နေတော့ ဘုန်းဘုန်း တို့က တွေး စရာဖြစ် လာတယ်လေ။ အချိန်မှီ တားဆီးရင် ဒီဟာကြီးက မကြီး ထွားနိုင် ဘူး” ဟု မိန့်ကြားသည်။

အဓိ ကရုဏ်းများ မဖြစ် ပွားမီ ညှိနှိုင်းမှုနှင့် ထိန်းသိမ်းနိုင်ပါက အကြမ်းဖက် ဖမ်းဆီးမှုများ လုပ်စရာမ လိုကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့မှ လုပ်ဆောင်နေခြင်းများ တွင် နှင့်ပတ်သတ် ၍ နှောင့်နှေးနေ မှု အပေါ် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်သူ အဲလ်ဟခ်ျ ဦးအေးလွင် က ဝေဖန်ထောက်ပြ ခဲ့သည်။

၎င်းက “တွေ့ ရတယ်။ ဒေသဆိုင်ရာ အုပ်ချူပ်ရေးတွေလည်း လိုတယ်။ အဓိကရုဏ်းကို လုပ်ဆောင်တဲ့ သူတွေ လာ တယ်။ ဘယ်ကလာတယ်ဆိုတာ သူတို့သိနိုင်ပါတယ်။ အဲဒါကို တားဆီးမှု မရှိဘူး။ သွားရောက် ဆွေးနွေး မှု မရှိဘူး” ဟု ဆိုသည်။

ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် မိတ္ထီလာ အဓိကရုဏ်းမှ စတင်သော နောက်ဆက်တွဲ ပဋိပက္ခများဂယက်သည် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဇီးကုန်း၊နတ္တလင်း၊ အုတ်ဖို၊ ကြို့ပင်ကောက် အစရှိသော မြို့များသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။

ထိုသို့ ပြန့်နှံ့ ခဲ့ပြီးနောက် အစိုးရ အနေနှင့် ပြည် သူတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ထိပါးသည့် လုပ်ရပ် မှန် သမျှကို လက်သင့်ခံမည် မဟုတ်ပဲ လိုအပ်လျှင် မြို့ပြအင်အားသုံး၍ ထိ ထိရောက်ရောက်   နှိမ်နင်း သွားမည် ဖြစ်ကြောင်း သမ္မတ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
From:Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်