Sunday, March 31, 2013

ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိ ၆၀ ခန့်အား ဌာနလွှဲပြောင်းခြင်း၊ အငြိမ်းစားပေးခြင်း၊ တာဝန်မှ ရပ်စဲခြင်းများ ပြုလုပ်

Posted by drmyochit Sunday, March 31, 2013, under | No comments


အစိုးရ ၀န်ကြီး ဌာန အချို့မှ ညွှန်ကြား ရေးမှူး ချုပ်များ အပါအ၀င် အဆင့်မြင့် အရာရှိ များအား အပြောင်း အလဲပြု လုပ်ခြင်း၊ အငြိမ်း စားပေးခြင်း၊ တာဝန် မှရပ် စဲခြင်း များအား ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။

"မှန်ပါတယ်။ ညွှန်မှူး ကနေ ဒုညွှန်ချုပ်အထိ အရာရှိများကို ၀န်ကြီးဌာနများအတွင်းမှာ အပြောင်း အရွှေ့ပြု လုပ်ခဲ့ပါ တယ်။ ဒါ့အပြင် ညွှန်ချုပ်၊ ဦးဆောင် ညွှန်ကြား ရေးမှူး ကဲ့သို့သော အဆင့်မြင့် အရာ ရှိကြီး တချို့ ကို လည်း အငြိမ်းစားယူခွင့် ပြုခဲ့ပါ တယ်။ ဒါတွေဟာ သမ္မတကြီး ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင် ပြောင်း လဲမှု လုပ်ငန်း စဉ် အရ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်" ဟု သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြု ပြောကြား သည်။

နိုင်ငံ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်း များတွင် လိုက်ပါ ဆောင်ရွက် နိုင်ခြင်း မရှိသော အရာရှိ များကို အငြိမ်း စား ပေးခြင်း၊ ဌာန လွှဲပြောင်း တာဝန်ပေးခြင်းတို့ကို ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်မှ အဆင့် မြင့် အရာရှိ တစ်ဦးက ပြောသည်။

"ညွှန်ချုပ် ကနေ ညွှန်မှူး အဆင့်ထိ ၅၀ ကျော် ၆၀ လောက်ရှိမယ်။ အတိ အကျတော့ မသိ ရသေးဘူး။ မတ် ၂၇ ရက် ကစပြီး စာထွက်နေတာ ဆက်တိုက်လည်း အရာရှိကြီးတွေ အပြောင်းအရွှေ့လုပ်တာ။ တချို့တွေ ကိုပြောင်း၊ တချို့တွေ ကို အနား ပေးတာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။


From : ..7day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်