Sunday, March 31, 2013

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမားများ အလုပ်ရှင်ကို လျော်ကြေးပေး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

Posted by drmyochit Sunday, March 31, 2013, under | No comments



ဂျော်ဒန်မှ ပြန်ရောက် လာသည့် မြန်မာ အလုပ် သမား များကို မတ်လ ၂၉ ရက်နေ့က ရန်ကုန် လေဆိပ် တွင်  တွေ့ရစဉ်

ဆန္ဒပြမှု ဖြစ်ပွား ခဲ့သည့် ဂျော်ဒန် နိုင်ငံ အထည်ချုပ် စက်ရုံမှ မြန်မာ အလုပ်သမား ၉၁ ဦး မြန်မာနိုင်ငံ သို့ ပြန်လာနိုင်ရန် အလုပ်ရှင်အား လျော်ကြေး ပေးခဲ့ ရကြောင်း အဆိုပါ အလုပ် သမားများ ထံမှ သိရသည်။

အဆိုပါ အလုပ်သမား ၉၁ ဦးသည် အလုပ်ရှင်အား တစ်ဦးလျှင် ဒေါ်လာ ၃၀၀ လျော်ကြေးငွေ ပေးကာ မတ်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အလုပ်ရှင်က အလုပ် သမား တစ်ဦးကို လျော်ကြေးငွေ ဒေါ်လာ လေးရာ တောင်းပါတယ်။ ကျွန်မတို့ရဲ့ ဖူလုံကြေး၊ လုပ်သက် စုကြေး အတွက် စုစုပေါင်း ဒေါ်လာ ၄၀၀ ပေးတယ်၊၊
အဲဒီ ထဲက သူတို့ကို လျော်ကြေးငွေ အဖြစ် ဒေါ်လာ သုံးရာ ပေးခဲ့ ရတယ်။ ကျွန်မတို့ လက်ထဲမှာ ရှိတဲ့ ဒေါ်လာ တစ်ရာ တည်းနဲ့ပဲ ပြန်လာခဲ့ ရတာပါ။ တချို့ ကလည်း အိမ်ပြန်ဖို့ လုံးဝ အဆင် မပြေတဲ့ အတွက် နေခဲ့ ရတယ်။

တချို့ကတော့ လုပ်သက် ပြည့်တော့မှာ ဖြစ်တဲ့အတွက် ကြိတ်မှိတ်ပြီး လုပ်နေ ကြရ တာရှိတယ်။ အားလုံး ကတော့ ပြန်လာချင်ပြီ ဟု အလုပ်သမား တစ်ဦးဖြစ်သူ မသက်နွယ် စိုးကျော်က ပြောပါသည်။
မြန်မာ အလုပ်သမား ၁၃၀၀ ကျော်နီးပါး အလုပ် လုပ် ကိုင်နေသည့် ဂျော်ဒန် နိုင်ငံရှိ စီအမ်ဂျေ အထည်ချုပ် စက်ရုံတွင် အေဂျင်စီမှ ပြောသော လစာငွေနှင့် မကိုက် ညီမှု၊ အစား အသောက် ဖိနှိပ်မှု၊ လူမျိုးရေး ဖိနှိပ် ခံရမှု တို့နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ မတ်လ ၂၅ ရက်နေ့ အထိ ဆန္ဒပြ မှုများ ဖြစ်ပွား ခဲ့သည်။

ထို့ပြင် ဂျော်ဒန် အထည် ချုပ်စက်ရုံ အလုပ် ရှင်မှာ တရုတ် လူမျိုး ဖြစ်ပြီး မတ်လ ၂ ရက်နေ့တွင် အလုပ် ရှင်၏ လူယုံများဖြစ်သော ဂျော်ဒန် လူမျိုး အလုပ် သမား များကို ငွေပေးကာ မြန်မာ အလုပ် သမား များအား ဆွဲလား
ရမ်းလား လုပ်မှုကြောင့် ခိုက်ရန် ဖြစ်ပွားခဲ့ပြီး မြန်မာ အမျိုး သမီး လေးဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။
အဲဒီမှာ အေဂျင်စီက ကျွန်မတို့ကို လွှတ်တော့ တစ်လကို လစာ ဒေါ်လာ ၅၀၀ ရမယ်လို့ ပြောတယ်။ တကယ် တမ်း ငွေရှင်းတော့ တစ်လကို ၁၅၈ ဒေါ်လာပဲ ရတယ်။ မြန်မာ ငွေနဲ့ တွက်ရင် တစ်လကို တစ်သိန်း နှစ်သောင်း ပဲရတယ်။ ခြောက်လ အထိ လစာ တိုးပေး မလား ဆိုပြီး စောင့်ပါ သေးတယ်။ ဒါပေမဲ့ သူတို့ က လုံးဝ မတိုး ပေးဘူး၊၊

လစာ မကောင်းလို့ အစား အသောက်များ ကောင်းမလား ဆိုတော့ အစား အသောက်လည်း မကောင်းဘူး။ အဲဒီ အတွက် အလုပ် သမား တွေက ကိုယ့်ရဲ့ လစာ ကြေးထဲ ကနေပဲ ချက် ပြုတ်ပြီး စားခဲ့ ရတယ်။ အလုပ် သမား ၀န်ကြီး ဌာန အနေနဲ့ အလုပ် သမား အရာရှိ နှစ်ဦး စေလွှတ် မယ်လို့ ပြောပေမယ့် လက်တွေ့ မှာ ရောက်မလာ ခဲ့ပါဘူး ဟု ၎င်းက ပြောပြ ခဲ့သည်။
မြန်မာ အလုပ် သမားများ အနေဖြင့် လုပ်ခ လစာ တိုးပေးရေး အပါအ၀င် လူမျိုး ဖိနှိပ်မှု မရှိရေး၊ အစား အသောက် အဆင် ပြေအောင် ကျွေးရေး စသည့် အချက် သုံးချက်အား ဆန္ဒပြ တောင်းဆို ခဲ့သော်လည်း အလုပ်ရှင် အနေဖြင့် လိုက်လျောခြင်း မရှိခဲ့ကြောင်း သိရသည်။
အလုပ် သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် သံရုံး ဖွင့်လှစ် ထားခြင်းမရှိ သည့် ဂျော်ဒန် နိုင်ငံတွင် ပြဿနာ ဖြစ်ပွား ခဲ့မှုကို ဂျော်ဒန် နိုင်ငံနှင့် အနီး စပ်ဆုံး အစ္စရေး သံရုံးမှ တစ်ဆင့် ဖြေရှင်း လျက် ရှိပြီး ယင်းနေ ရာသို့ အတွေ့ အကြုံ ရှိသည့် မြန်မာ အလုပ် သမား အရာရှိ နှစ်ဦးကို စေလွှတ်  မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ထားသည်။
From:eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်