Tuesday, April 09, 2013

အခွန်အခနှင့် ဘဏ်လုပ်ငန်း အခက်အခဲကိစ္စ ဆွေးနွေး

Posted by drmyochit Tuesday, April 09, 2013, under | No comments

အခွန်အခနဲ့ ဘဏ်လုပ်ငန်း တွေမှာ အခက်အခဲ ရှိနေတဲ့ကိစ္စရပ် တွေကို လွှတ်တော်ရေး ရာတွေနဲ့ မြန်မာ နိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) က လုပ်ငန်းရှင်တွေ တွေ့ ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းက အသင်းရုံးချုပ်မှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံဆွေးနွေး ပွဲမှာ  UMFCCI နဲ့ ဒေါ်အောင်ဆန်း စုကြည်အ ပါအ၀င် ညီနောင်အဖွဲ့ ပေါင်း ၆၀ ကျော်က ကိုယ်စား လှယ်တွေ တက်ရောက် ဆွေးနွေး ခဲ့ကြ တာဖြစ်ပြီး အဓိက ဆွေးနွေး ခဲ့တာတွေကို အသင်းဗဟိုအလုပ်အမှုဆောင် ဦးတင်ကိုကိုက အခုလို ပြောပါတယ်။

“ပြည်တွင်း အခွန်အခက အ၀ယ်မှာ ၁ ခါ၊ ရောင်းလိုက်ရင် ၁ ခါ ပေးရတယ်။ နောက် ပြည်တွင်းအခွန် ၀င်ငွေခွန်ကိစ္စတွေ အကျယ်တ၀င့် ဆွေးနွေး ကြတယ်။ ဘဏ်ကိစ္စမှာ ဘဏ် အတိုးနှုန်းတွေကို ငွေစုတာက ၈ ရာခိုင်နှုန်း အတိုးနှုန်းနဲ့ စုတယ်။ ပြန်ချေးတော့ ၁၄ ရာခိုင်နှုန်း။ အဲတော့ စုတဲ့သူက ၈ ရာခိုင်နှုန်းပဲ ရပြီးတော့ ပြန်ချေးသူက ၆ ရာခိုင်နှုန်းရတော့ မမျှမတဖြစ်နေတဲ့အပေါ် ပြန်သုံးသပ်ဖို့ ပြောတယ်။ နောက် နိုင်ငံတကာ မှာရှိနေတဲ့ အတိုးနှုန်းနဲ့ ကျနော်တို့ဆီက အတိုးနှုန်းနဲ့ ကျနော်တို့အတိုးနှုန်းက များနေရင် နိုင်ငံ တကာ ရင်းနှီးမြှုပ် နှံမှုတွေ လာရင် သူတို့က အတိုးနှုန်းချို သာစွာနဲ့လာရင် ကျနော်တို့ မယှဉ်နိုင်တဲ့ ကိစ္စတွေ ဖြစ်လာနိုင်လို့ အတိုးနှုန်းလျှော့ဖို့ တင်ပြကြတယ်။”

သူတို့ ဆွေးနွေး တင်ပြတာတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြင်သင့်တဲ့ ဥပဒေ တွေကို အမြန်ဆုံးပြင်မယ့်အ ကြောင်း၊ လျှော့ပေး သင့်တဲ့ အချက်တွေ ကို အမြန်ဆုံး ဖြေလျှာ့ပေး သွားမယ့်အ ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

တရား ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခွန်နဲ့ ပတ်သက်တဲ့ ဆွေးနွေး ချက်ကို လည်း ဦးတင်ကိုကိုက အခုလိုပြောပြပါတယ်။

“ပြည်သူ လူထု ကလည်း မှန်မှန် ကန်ကန်ဖြစ်တဲ့၊ စည်းကမ်းနဲ့ ချမှတ် ထားတဲ့ အခွန်ကို သေသေ ချာချာပေး မယ်။ တိုင်းပြည် ကလည်း အခွန်ကို စနစ်တကျနဲ့ ကောက်သင့်တာတွေ ကောက်မယ်ဆိုရင် အခွန် ထမ်းပြည် သူကလည်း ယုံကြည်စွာနဲ့ ဆောင်ရွက်နိုင် သလို တိုင်းပြည် ကလည်း အခွန်တွေရပြီး ချမ်း သာပြီး ဆောင်ရွက် နိုင်မယ် ဆိုတာတွေ ပြောသွားလို့ မျှမျှတတဖြစ်ဖို့ ပြောသွား ပါတယ်။”

ကုန်သည် စက်မှု အသင်းချုပ်က လုပ်ငန်းရှင်တွေနဲ့ လွှတ်တော် ရေးရာ ကော်မတီ တာဝန် ရှိသူတွေ အခုလို  တွေ့ဆုံ တာဟာ ပထမအကြိမ် ဖြစ်ပြီး နှစ်ဘက် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြတယ်လို့ သိရ ပါတယ်။

From: DVB





0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်