Tuesday, April 09, 2013

ဒေါ်အောင်ဆန်းစုကြည် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များကို ဖိတ်ကြားမေးမြန်း

Posted by drmyochit Tuesday, April 09, 2013, under | No comments

တရား ဥပေဒ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် ဟာ  မြန်မာ နိုင်ငံမှာ ရှိတဲ့ အစ္စလာမ် ဘာသာရေး အဖွဲ့ အစည်း ၄ ခုက တာဝန် ရှိသူတွေကို မနေ့တုန်းက ဖိတ်ကြားပြီး လတ်တလော အဖြစ် အပျက်တွေအပေါ် မေးမြန်းခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ တက်ရောက်တဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေက  “လတ်တလောဖြစ်ပေါ်နေ တဲ့ ကိစ္စရပ်တွေ အမြန်ဆုံးချုပ်ငြိမ်းဖို့ အဓိကပါပဲ။ ရေရှည်မှာ ဒါမျိုး တွေ မဖြစ်ပေါ်ဖို့ အတွက်ကို ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရဲ့ အမြင်ရှုထောင့်တွေကို သူသိ လိုတဲ့ အတွက် မေးမြန်း ပါတယ်။ အဲဒါတွေကို ကျနော်တို့ တင်ပြ တာပါ။ ဒေါ်အောင်ဆန်းစုကြည်ပြော တာ ကောင်းပါ တယ်။ ကျနော်တို့ကို မြန်မာ နိုင်ငံသား တွေဖြစ်တယ်၊ စိတ်ပျက် အားငယ် စရာ မလိုဘူး။ မိမိ လိုချင်တဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက် ပန်းတိုင်ကို ရဲရဲ ကိုင်ပြီးတော့ ဆောင်ရွက် သွားမယ်ပေါ့။ တရား ဥပေဒ စိုးမိုးရေး ကိုလည်း သူက ပါတီဥက္ကဌ တယောက် အနေနဲ့ရော၊ တရား ဥပေဒ စိုးမိုးရေ ဥက္ကဌ တယောက်အနေနဲ့ သူကြိုးပမ်း သွားမယ် ဆိုတဲ့အ ကြောင်း ပြော ပါတယ်။”

အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တွေဟာ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် သဘာ ပတိ အဖွဲ့ဝင်တွေ၊ ဗဟို အလုပ် အမှု ဆောင်အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံပွဲအပြီးမှာ သူတို့ တတွေဟာ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဉာဏ်ဝင်းကို သွားရောက်တွေ့ဆုံ ခဲ့တယ်လို့ ပြောပါတယ်။

“တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်တဲ့ ကိစ္စ၊ ပြစ်မှု ကျူး လွန် တဲ့ သူတွေ ကို အရေးယူတဲ့ ကိစ္စတွေ သူဆောင် ရွက်နေ တယ်လို့ ပြောပါတယ်။ နောက် ကျနော်တို့ကိုယ်တိုင် အဲဒီဒေသ တွေကို ကွင်းဆင်း ဆောင်ရွက် နိုင်ဖို့ တင်ပြထား တာကို လည်း သူတို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။”

လတ်တလော ဖြစ်ပွားခဲ့တဲ့ အ ခြေအနေဆိုးဟာ လှုံ့ဆော်မှု ရှိပြီး တားဆီးဖို့ ပျက်ကွက် ခဲ့ကြောင်းနဲ့ ဆူပူမှုဖြစ် လာတဲ့ အချိန်မှာလည်း ကိုင်တွယ်တဲ့နေရာမှာ လိုအပ်ချက် ရှိနေတယ်ဆိုတာကို သက်ဆိုင်ရာ အသီးသီး ကို တင်ပြ ထားပါတယ်လို့ ဆိုပါတယ်။

အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ဘာသာရေးနဲ့ လူမှုရေး အသင်း အဖွဲ့တွေပိုင်းက ဆောင်ရွက် သလို နိုင်ငံတော် အပိုင်း ကလည်း ပြစ်မှု ကျူးလွန် သူတွေကို ဥပဒေ အရ အရေး ယူရင် နောက် ထပ်ပြစ် မှုတွေ ဖြစ် လာစ ရာမရှိဘူး ဆိုတာကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

From: DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်