Tuesday, April 09, 2013

မုဒိမ်းမှု ကျူးလွန်သူကို ကျူးလွန် ခံရသည့် အမျိုးသမီးက အရှင် လတ်လတ် မီးရှို့သတ်

Posted by drmyochit Tuesday, April 09, 2013, under | No comments


မုဒိမ်းမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် အိန္ဒိ ယ နိုင်ငံတွင် မုဒိမ်းမှု ကျူးလွန်ခံရသည့် အမျိုး သမီးက မုဒိမ်း ရာဇ၀တ်ကောင်ကို အရှင် လတ်လတ် မီးရှို့ သတ်ခဲ့သည်။ ဘီဟာ ဒေသရှိ ဆိုဒီယမ် ကျေးရွာ၌ ဧပြီလ ၁ ရက်နေ့ ညတွင် ဘိုလာ သာကာ ဆိုသူက အသက် ၄၅ နှစ် ရှိပြီ ဖြစ်သည့် မုဆိုးမ တစ်ဦး၏ အိမ်တွင်းသို့ ချင်း နင်း ၀င်ရောက်ပြီး အတင်း အကျပ် မုဒိမ်း ကျင့်ခဲ့ သည်။ မုဒိမ်း ကျင့်ပြီးနောက် အမူးလွန်နေသာ အဆိုပါ ရွာသားသည် အခန်း အတွင်းမှာပင် မူးလဲ သွားသည်။

ထို့နောက် ဒေသ ဖြစ်နေသော အမျိုးသမီးက သူမ၏ အ၀တ် အစားများကို ရေနံဆီ သုတ်ပြီး မုဒိမ်းကောင် မူးလဲ နေရာ အခန်းကို သော့ခတ်ပြီး မီးရှို့ကာ အပြင်သို့ ပြေးထွက် လာရင်း ရွာသားများကို အကူအညီ တောင်းခဲ့သည်။ ရွာသား များက အခန်းတံခါးကို ဖျက်ဝင် လာချိန်တွင် မုဒိမ်း ရာဇ၀တ် ကောင်သည် ခန္ဓာကိုယ် အနှံ့ ဆိုးရွားစွာ မီးလောင်ကျွမ်း သွားပြီး ပန်ဒါ ဆေးရုံသို့ ပို့ ဆောင်လိုက်ရသည်။ အမျိုးသမီးကြီး၏ ကလဲ့စားချေ တိုက်ခိုက်မှုကြောင့် ဧပြီလ ၄ ရက်နေ့တွင် ဒဏ်ရာများဖြင့် သာကာ သေဆုံးသွား သည်။ သာကာ၏ ဇနီးက သူ့ယောက်ျားကို အရှင်လတ်လတ် မီးရှို့ သတ်သည့် အမျိုးသမီးကို တန်ပြန် တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။


(Hindustan Times,5.4.13) ကျော်မိုးဟိန်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်