Tuesday, July 09, 2013

ခင်ပွန်းဝါးခုတ်သွားခိုက် ဇနီးအဓမ္မကြံစည်ခံရ

Posted by drmyochit Tuesday, July 09, 2013, under | No comments


ခင်ပွန်းသည် ဝါးခုတ်ရန် တောတွင်းသို့ ညအိပ် ခရီး သွားစဉ် ဇနီးကို အဓမ္မပြုရန် ကြံ စည်မှုတစ်ခု ဇူလိုင် ၇ ရက် နံနက် ၁ နာရီခန့် တွင် မကွေးတိုင်း တောင် တွင်းကြီးမြို့နယ် တွင် ဖြစ်ပွားခဲ့ကြောင်း အဆို ပါဒေ သမှ အပိုင်ရဲစခန်းဖြစ်သည့် ဆတ် သွား ရဲ စခန်းက သတင်း ထုတ်ပြန် သည်။

အဓမ္မကျင့်ရန် ကြံစည်ခံရသူ အမျိုးသမီး မှာ ခင်ပွန်းသည် ခရီးသွားနေသဖြင့် တစ်ဦး တည်း အိပ် စက်နေ စဉ် သန်းခေါင်ကျော်အချိန် တွင် အမျိုးသားတစ်ဦးက ခြင်ထောင်တွင်းသို့ ဝင်လာကာ ထမီကို ဆွဲလှန် သဖြင့် ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ ရသည်။

ထို့နောက် အမျိုးသမီးက ဘေးပတ်ဝန်း ကျင်သို့ အော်ဟစ် အကူအညီတောင်းခံရာ ထိုအမျိုး သားက ပါးစပ်ကို အတင်း ပိတ်ထား သဖြင့် ရုန်းကန်၍ ထပြေးကာ အိမ်နီးချင်း များကို နာမည် အော်ခေါ် သဖြင့် ဘေးကပ် လျက် အိမ်မှ အိမ်ရှင်မက ပြေးလာသဖြင့် အဓမ္မကျင့်ရန် ကြံစည် သူမှာ ထွက်ပြေးသွား ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲကို ထွက် ဆိုသည်။

ယခုကိစ္စကို ဒေသအပိုင်ရဲစခန်း ဖြစ်သည့် ဆတ်သွားရဲစခန်း၌ အမှုဖွင့်ရာတွင် ကိုကျော်လွင်ဦး ဆိုသူကို အဓမ္မကျင့်ရန် ကြံစည်သူ အဖြစ် တရားလို အမျိုးသမီးက စွပ်စွဲ တိုင်တန်း ထားသည်ကို တွေ့ရပြီး ရဲများက လည်း အမှုအမှတ်(ပ)၇၈/၂ဝ၁၃ ဖြင့် အမှု ဖွင့်ထားသည်ကို ရဲစခန်း၏ မှတ်တမ်းများ တွင်လေ့လာတွေ့ရှိရသည်။

ထို့ပြင် ကိုကျော်လွင်ဦးကို ရဲများက ဖမ်း ဆီးစစ်ဆေးနေပြီး သူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲခံရနိုင် ချေ ရှိသည်ဟုလည်း ရဲဌာနက ထုတ်ပြန် ထားသည်။ 

ဟင်္သာ(တောင်တွင်းကြီး)
ဇူလိုင်လ ၉ ရက်နေ့ထုတ် မဇ္ဈိမသတင်းစာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်