Wednesday, August 08, 2012

ဆော်ဒီဘုရင်က အီရန်သမ္မတအား ဆီးရီးယားအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



RIA Novosti.com;Aug-6(Mon)
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာ၌ ကျင်းပပြု လုပ်မည့် အဖွဲ့ဝင် ၅၇ ဦးပါဝင်သော အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေး မွတ်စလင် အဖွဲ့အစည်း ညီလာခံသို့ အီရန်သမ္မတ မာမွတ်အာမက်ဒီနီဂျက် တက်ရောက်မည် ဖြစ်ပြီး  ၄င်းညီလာခံတွင် အခြားသော အကြောင်းအရာများ အပါအဝင် ဆီးရီးယားပဋိပက္ခအား အလေးထား ဆွေးနွေးမည်ဖြစ် ကြောင်း အီရန် မားသတင်းဌာနက သြဂုတ်လ ၆ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ ဆော်ဒီဘုရင်က အီရန်သမ္မတအား အစ္စလာမ်နိုင်ငံများတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်ရန် ဖိတ်ကြားပြီးနောက် အီရန်သမ္မတသည် မက္ကာ၌ကျင်းပမည့် ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း အီရန်အစိုးရ၏ နိုင်ငံတကာ ရေးရာအကြီးအက Mohammad Reza Forqani က မားသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ဆီးရီးယား အရေးအပေါ် အီရန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့၏ ရပ်တည်ချက်ကွဲပြားမှုကြောင့် နှစ်နိုင်ငံမှာသဘောထားကွဲလွဲမှုဖြစ်ပေါ်နေဆဲဖြစ်ပါသည်။ အီရန်က ဆီးရီးယား သမ္မတအာဆတ်အား ထောက်ခံကြောင်း ပြောကြားလျက်ရှိစဉ် ဆော်ဒီအာရေဗျကလည်း အတိုက်အခံများအား လက်နက်တပ် ဆင်ပေးရန် တောင်းဆိုလျက် ရှိပါသည်။
နှစ်နိုင်ငံ သဘောထား တင်းမာမှုများ မြင့်မားနေ သော်လည်း ဆော်ဒီဘုရင် Abdullah  က သြဂုတ်လ ၁၅-၁၆ ရက်နေ့များ တွင်ကျင်းပမည့် ညီလာခံသို့ အီရန်သမ္မတအား တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ဆော်ဒီ သတင်းထုတ် ပြန်ရေးဌာန (SPA) က ထုတ်ပြန်ခဲ့ပါသည်။ ဆီးရီးယားနိုင်ငံ ဒမက်စကတ် မြို့အစွန်ရ Hazrat Zainab ဘုရားကျောင်း သို့သွားရောက်မည့် အီရန်ဘုရားဖူး ၄၈ဦးအား သြဂုတ်လ ၄ ရက်နေ့တွင် ဆီးရီးယား လက်နက်ကိုင် သောင်းကျန်းသူများမှ ဆီးရီးယားအ ပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် ပြန်ပေးဆွဲခဲ့ပါသည်။ အီရန်နိုင်ငံ ခြားရေး ဝန်ကြီး Ali Akbar Salehi က ပြန်ပေးဆွဲခံရသော အီရန်နိုင်ငံသား များလွတ်မြောက်နိုင်ရန် တူရကီနှင့် ကာတာနိုင်ငံတို့ မှကူညီရန် တောင်းဆို ထားပါသည်။ ဆီးရီးယားနိုင်ငံ တွင်ဖြစ်ပွားခဲ့သော အရေးအခင်းများ၌ ၂ဝ၁၁ ခုနှစ်မတ်လ မှစ၍ လူပေါင်း ၁၄,ဝဝဝ မှ ၂ဝ,ဝဝဝ ကြား သေကျေပျက် စီးခဲ့ကြောင်း ကုလသမဂ္ဂနှင့် အတိုက်အခံ အဖွဲ့အစည်းများ၏ ခန့်မှန်းချက် များအရ သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်