Wednesday, August 08, 2012

အင်ဒိုနီးရှားလေတပ်တပ်ဖွဲ့သည် Super Tucano အပေါ့စားတိုက်လေယဉ်၎စင်း လက်ခံရရှိခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



ဘရာဇီးနိုင်ငံ၏ ထိပ်တန်း လေယာဉ်ထုတ် လုပ်ရေးကုမ္ပဏီ Embraer သည် သြဂုတ်လ ၆ ရက်နေ့တွင် အင်ဒိုနီးရှား လေတပ်သို့ A-29 Super Tucano အပေါ့စား တိုက်လေယာဉ် ၄ စင်းကိုလွှဲ ပြောင်းပေး အပ်ခဲ့ကြောင်း Newsnow သတင်းတစ် ရပ်အရသိ ရှိရပါသည်။ အဆိုပါ တိုက်လေယာဉ် များကို အင်ဒိုနီးရှား လေတပ်ဖွဲ့ အနေဖြင့် OV-10 Bronco လေယာဉ်အုပ် နေရာတွင် အစားထိုးရန် ၂ဝ၁ဝ ခုနှစ်တွင် မှာယူခဲ့သော Super Tucano အပေါ့စား Super Tucano အပေါ့စား တိုက်လေယာဉ် ၈ စင်းအနက်မှ ပထမ အသုတ်လွှဲ ပြောင်းပေးခြင်း ဖြစ်ပါသည်။ ၂ဝ၁ဝ ခုနှစ်နောက် ပိုင်းတွင်အင်ဒိုနီးရှား လေတပ်ဖွဲ့သည် ၄င်းတို့၏ စစ်လက်နက် ပစ္စည်းများ ခေတ်မီတိုးတက် စေရေးကြိုးပမ်း ဆောင်ရွက်မှု တစ်စိတ်တစ် ဒေသအဖြစ် ဒုတိယမြောက် Super Tucano အပေါ့စား တိုက်လေယာဉ် ၈ စင်း အုပ်တစ်အုပ် ကိုထပ်မံမှာ ယူခဲ့ကြောင်း Embraer ကုမ္ပဏီက ပြောကြားခဲ့ ပါသည်။ အဆိုပါ Super Tucano အပေါ့စား တိုက်လေယာဉ်ကို အပေါ့စား တိုက်ခိုက်ရေး၊ စောင့်ကြည့် ထောက်လှမ်းရေး၊ ဝေဟင်ကြား ဖြတ်တိုက်ခိုက်ခြင်း နှင့်သောင်းကျန်း မှုနှိမ်နင်းရေး တာဝန်များ အပါအဝင် မစ်ရှင်အမျိုးမျိုး အတွက် အသုံးပြုနိုင် ကြောင်းသိရှိရပါသည်။ Embraer ကုမ္ပဏီသည် Boeing ကုမ္ပဏီနှင့် Airbus ကုမ္ပဏီတို့ပြီးနောက် ကမ္ဘာ့ တတိယမြောက်အကြီးမား ဆုံးသော လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်