၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့မှ စတင်၍ ပိတ်ထားသော လိုင်ဇာ-ဗန်းမော်
လမ်းကြောင်းအား KIA အနေဖြင့် သြဂုတ်လ (၂)ရက်နေ့မှစတင်ပြီး ဆိုင်ကယ်နဲ့ သုံးဘီး
ဆိုင်ကယ်များအား လိုင်ဇာအတွင်းသို့ဝင်/ထွက် သွားလာ ခွင့်ပေး ထားကြောင်း
ဒသခံသုံးဘီးဆိုင်ကယ်သမား တစ်ဦးထံမှ သိရှိရပါတယ်။
``ကျွန်တော်တို့ဒီဆိုင်ကယ်နဲ့ သုံးဘီး ဆိုင်ကယ်တွေအပေါ်မှာ
တရုတ်နိုင်ငံက လုပ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီတွေကို
ဒေါ့ဖုန်ယန်းကို ပို့ပေးရပါတယ်။ ပြီးတော့မှ စုပုံပြီး ဗန်းမော်ဘက်ကို ယာဉ်ငယ်
တွေနဲ့ တစ်ဆင့်သယ်ရပါတယ်။
လိုင်ဇာကနေ တစ်နေ့ကို ဆိုင်ကယ်နဲ့သုံးဘီးဆိုင်ကယ်အစီး (၂၀)/ (၃၀)လောက်သွားလာပါတယ် ။ တစ်စီးကို ဖြတ်သန်းခတော့ ၂၀၀၀ ကျပ် ပေးရပါတယ်´´ ဟု အဆိုပါသုံးဘီးဆိုင်ကယ်သမားမှ ပြောကြားခဲ့ပါတယ်။
လိုင်ဇာကနေ တစ်နေ့ကို ဆိုင်ကယ်နဲ့သုံးဘီးဆိုင်ကယ်အစီး (၂၀)/ (၃၀)လောက်သွားလာပါတယ် ။ တစ်စီးကို ဖြတ်သန်းခတော့ ၂၀၀၀ ကျပ် ပေးရပါတယ်´´ ဟု အဆိုပါသုံးဘီးဆိုင်ကယ်သမားမှ ပြောကြားခဲ့ပါတယ်။
ကေအိုင်အေတပ်ဖွဲ့တွေအနေနဲ့ ယခင်က လိုင်ဇာ-ဗန်းမော်လမ်းကြောင်း
ကို မြန်မာအစိုးရတပ်တွေ သွားလာ လို့ မရအောင်နဲ့ သူတို့ရဲ့
လိုင်ဇာမြို့လုံခြုံရေးအတွက် ပိတ်ပင်ထားခဲ့ပေမယ့် ယခုအခါ ကေအိုင်အေတို့
အတွက် ကောင်းမွန်သော ကျောထောက်နောက်ခံ စီးပွားရေးမရှိခြင်း ၊ ပြည်ပမှ
ထောက်ပံ့မှုအကူအညီနှင့် တရုပ်နိုင်ငံမှ ထောက်ပံ့မှုကောင်းစွာမရရှိခြင်းတို့ကြောင့်
အရင်ကပိတ်ထားတဲ့ ကျောက်စိမ်းတွင်းတွေ ကို ပြန်လည်တူးဖော်ခိုင်းကာ အခွန်ကောက်ခံခြင်း
၊ ကျေးရွာများအား ဆပ်ကြေးကောင်ခြင်း ၊ သစ်လုပ် ငန်းနှင့် ပြည်နယ်အတွင်း ယခုလို
စီးပွားရေးလုပ်ငန်း များအား လုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။
ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေအနေနဲ့တော့
တရုတ်နိုင်ငံနှင့် အခြားနိုင်ငံကြီးများက ဘိန်းစိုက်ပျိုးခြင်း လုပ်ငန်းကိုလည်း
မလုပ်ကိုင်နိုင်တဲ့အတွက် ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲများကြောင့်
ပြည်ပနိုင်ငံ များနှင့် ပြည်ပရောက် ကချင်တိုင်းရင်းသားများထံမှ
စစ်အောင်နိုင်ရေးရန်ပုံငွေရရှိရန် အပူတပြင်း လုပ်ဆောင်လျက်ရှိတယ်လို့
သိရပါတယ်။
0 comments:
Post a Comment