Wednesday, August 08, 2012

၈ လေးလုံး ၂၄ နှစ်ပြည့်လှုပ်ရှားမှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်း မှ အလှူငွေထည့်

Posted by drmyochit Wednesday, August 08, 2012, under | No comments



မနက်ဖြန် သြဂုတ် ၈ မှာ မန္တလေးမြို့တွင် ကျင်းပမယ့် ၂၄ နှစ် နိုင်ငံတော် အုံကြွမှု နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့က အလှူငွေများ သွားရောက် ထည့်ဝင်လှူတန်းခဲ့ကြောင်း သတင်းရရှိပါတယ်။



၂၄ ပြည့် လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဖြစ်တဲ့ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပဖို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင် ပြင်ဆင်နေကြချိန်တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် စက်မှု (၁/၂) ဝန်ကြီး ဦးစိုးသိန်းတို့က လာရောက်အားပေးခဲ့ပြီး အလှူငွေများ ထည့်ဝင်လှူတန်းသွားပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေ လာရောက်မှုအတွက် အခမ်းအနားကို မဝံ့မရဲ ကျင်းပရန် ကြိုးစားနေတဲ့ ပြင်ဆင်နေသူများ အားလုံးက လွန်စွာ ဝမ်းမြောက်ပျော်ရွှင်လျှက် ရှိပြီး အလှူငွေများ ရရှိလို့လည်း ဝမ်းသာနေကြကြောင်း သိရပါတယ်။

အစိုးရဖက်မှ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့သမျှ တွင် ယခု လုပ်ဆောင်မှုက မျှော်လင့်မထားသော အံ့သြောချီးကျူးဖွယ် လုပ်ရပ်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးများ ကိုယ်တိုင်က လာရောက်အားပေး လှူတန်းတာတွေ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ အခြား ပါတီများက လာရောက်အားပေး လှူတန်းတာတွေ လုံဝ မရှိသေးကြောင်း သတင်းရရှိပါတယ်။



၈ လေးလုံး ငွေရတု အကြို ဆိုပြီး ရန်ကုန် နှင့် မန္တလေးတို့ မှာ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်ဖြင့် ငွေကုန်ကြေးကျ များစွာ ခံပြီး ချိမ့်ချိမ့်သဲ ကျင်းပ ဖို့ စီစဉ် လျှက် ရှိရာ ပြည်သူ အနည်းစုကသာ ထောက်ခံကြပြီး ပြည်သူ အများစုကတော့ ဘာမဟုတ်တဲ့ ပွဲ အတွက် ကုန်ကျမယ့် ငွေများကို အမှန်တကယ် လိုအပ်တဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းများကိုသာ လှူတန်းစေချင်ကြကြောင်း သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်