Wednesday, August 08, 2012

အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားအား အပြည့်အဝထိန်းချုပ်နိုင်သည်ဟု အီရန်ရေတပ် ဦးစီးချုပ်ကပြောကြားခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments


Xinhuanet.com;Aug-7(Tue)
အီရန်နိုင်ငံသည် ဟော်မုဇ်ရေ လက်ကြားအား အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း အီရန်ရေ တပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ် ဟာဘီဘို လက်ဆေရာရီက ပြောကြားခဲ့သည်ဟု ဖားစ်သတင်းဌာနက သြဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အီရန်သည် ပါရှန်ပင်လယ်ကွေ့တွင် အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ ထိန်းသိမ်းကာကွယ် စောင့်ရှောက် လျက်ရှိသောနိုင်ငံ ဖြစ်ကြောင်းကိုလည်း ဒေသတွင်း ရေပြင်များနှင့် ပါရှန်ပင်လယ် ကွေ့တို့တွင် စစ်ရေးလေ့ကျင့် ခန်းများပြုလုပ် သွားမည်ဟု အမေရိကန် ၏ထုတ်ပြန်ကြေ ညာချက်အပေါ် အလေးမထားဘဲ ဆေရာရီက ပြောကြားခဲ့ ခြင်းဖြစ်ပါသည်။ အမေရိကန် နိုင်ငံသည် နိုင်ငံပေါင်း ၂ဝ နှင့်အတူလာမည့် စက်တင်ဘာလ တွင် ပါရှန်ပင် လယ်ကွေ့အနီးရှိ ဒေသတွင်း ရေပိုင်နက်များ၌ စစ်ရေးလေ့ကျင့် ခန်းများပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းဌာန ၏ထုတ်ပြန်ချက်အရ သိရှိရပါသည်။ စစ်ရေးလေ့ ကျင့်ခန်းများပြုလုပ် ဆောင်ရွက်ရန် အမေရိကန် ၏ဆုံးဖြတ် ချက်များသည် အီရန်နိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိကြောင်း အီရန်ရေတပ် ဗိုလ်ချုပ်က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံနှင့် ကင်းကင်း ရှင်းရှင်းနေရေး အပါအဝင် မိမိတို့၏ ပြည်တွင်းအင် အားများအပေါ် တွင်သာမှီခို အားထားရန် ပါရှန်ပင်လယ်ကွေ့ တောင်ဘက်အဝန်းအ ဝိုင်းတစ်ဝိုက်ရှိ အာရပ်နိုင်ငံများအပေါ် ၄င်းကသတိပေး ပြောကြားခဲ့ပါသည်။ ဒေသတွင်း လုံခြုံရေးအား ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက် မှုများမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း ဆေရာရီက ပြောကြားခဲ့ပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်