Monday, June 30, 2014

Mobile Browser များမှာ ၀က်ဆိုက်များရဲ့ Desktop Version ကို ကြည့်ရှုနိုင်မယ့် နည်းများ

Posted by drmyochit Monday, June 30, 2014, under | No comments



ဝက်ဆိုက်အများစုက မိုဘိုင်းဖုန်းများအတွက် Mobile Version များပြုလုပ်ပေးထားကြပါတယ်။ Mobile Version များက Bandwidth ကို လျှော့ချပေးသလို မျက်နှာပြင်သေးတဲ့ ဖုန်းများမှာ ကြည့်ရှုရအဆင်ပြေစေပါတယ်။ ဒါပေမယ့် ၀က်ဆိုက်တစ်ခုရဲ့ Desktop Version ကို မိုဘိုင်းဖုန်းကနေ အသုံးပြုချင်တဲ့ အခြေအနေများစွာရှိပါတယ်။ သင့်ရဲ့ဖုန်းဟာ မျက်နှာပြင်ကြီးရင် Desktop Version နဲ့ ၀က်ဆိုက်များကြည့်ချင်မှာပါ။ အချို့ဝက်ဆိုက်များက မိုဘိုင်းဗားရှင်းမှာ စွမ်းဆောင်ချက်အချို့ကို ဖယ်ရှားထားတဲ့အတွက် အဲဒီစွမ်းဆောင်ချက်များကို အသုံးပြုချင်ရင် Desktop Version ကို အသုံးပြုချင်မှာပါ။ မိုဘိုင်းဗားရှင်းရဲ့ အားနည်းချက်နောက်တစ်ခုက Navigate ပြုလုပ်ရတာ အခက်အခဲရှိပါတယ်။ ဥပမာ အားဖြင့် IMDB ၀က်ဆိုက်ကိုကြည့်ပါ။
IMDB ၀က်ဆိုက်မှာ ဟာသရုပ်ရှင်မင်းသား Will Ferrell ပါဝင်ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ချင်တယ်ဆိုပါစို့။ ဘရောက်စာကနေ Will Ferrell ရဲ့ IMDB Page ကို သွားပါ။


Full Filmography ကို နှိပ်ပါ။

ဒါဆိုရင် Will Ferrell ပါဝင်ပတ်သက်တဲ့ ကဏ္ဍများကို လင့်များအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ လင့်တစ်ခုချင်းစီကို နှိပ်ပြီး ဇာတ်ကားတစ်ခုချင်းစီမှ မင်းသားရဲ့ ပါဝင်တဲ့ အခန်းကဏ္ဍကိုကြည့်ရမှာဖြစ်ပါတယ်။ ဒါဟာ အချိန်တော်တော်ကုန်စေပြီး အဆင်မပြေလှပါဘူး။ Desktop Version မှာဆိုရင်တော့ မင်းသား ပါဝင်ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားအားလုံးကို Web Page တစ်ခုထဲကနေမြင်တွေ့ရမှာဖြစ်ပါတယ်။ ကံကောင်းတဲ့အချက်က IMDB ၀က်ဆိုက်က Desktop Version ကို အလွယ်တကူ ပြောင်းကြည့်လို့ရအောင်ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် ၀က်ဆိုက်အများစုကတော့ Desktop Version ကို ပြောင်းကြည့်ဖို့ ပြုလုပ်ပေးထားခြင်းမရှိပါဘူး။
ဒီလိုအခြေအနေမှာ မိုဘိုင်းဘရောက်စာများရဲ့ Settings ကနေ Desktop Version ကို ပြောင်းလဲကြည့်ရှုဖို့ပြုလုပ်နိုင်တဲ့ နည်းလမ်းများရှိပါတယ်။

iOS Device
---------------
iPhone , iPad များရဲ့ Default Browser ဖြစ်တဲ့ Safari မှာ Desktop Version ကို ပြောင်းလဲကြည့်ရှုဖို့ စွမ်းဆောင်ချက်ကို Apple က ပြုလုပ်ပေးထားခြင်းမရှိပါဘူး။ အဲဒီစွမ်းဆောင်ချက်ပါရှိတဲ့ ဘရောက်စာကတော့ Google Chrome ဖြစ်ပြီး Apple App Store ကနေ အခမဲ့ရယူနိုင်ပါတယ်။ Chrome Browser မှာ ၀က်ဆိုက်တစ်ခုရဲ့ Desktop Version ကို ပြောင်းလဲကြည့်ရှုချင်ရင် ညာဘက်အပေါ်ထောင့်က Menu ကို နှိပ်ပြီး Request Desktop Site ကို နှိပ်ပါ။


Chrome ရဲ့အားနည်းချက်က Desktop Version ကို Default အားဖြင့် Enable ပြုလုပ်လို့မရပါဘူး။ ဆိုလိုတာက ၀က်ဆိုက်တစ်ခုကို ဖွင့်တိုင်း Mobile Version ကနေ Desktop Version ကို အပေါ်ကနည်းအတိုင်း အမြဲပြောင်းလဲပေးရမှာပါ။ Desktop Version ကို Default အားဖြင့် Enable ပြုလုပ်ပေးနိုင်တဲ့ မိုဘိုင်းဘရောက်စာက Puffin Web Browser ဖြစ်ပါတယ်။ Puffiin Web Browser ကို အခမဲ့အသုံးပြုနိုင်ပြီး ၀က်ဆိုက်တစ်ခုရဲ့ မိုဘိုင်းဗားရှင်းကို အလွယ်တကူ Disable လုပ်နိုင်ပါတယ်။ Puffin Web Browser ဟာ အခပေးဗားရှင်းလည်းရှိပေမယ့် အခမဲ့ဗားရှင်းမှာ Desktop Version ကို အသုံးပြုနိုင်ပါတယ်။
Puffin Web Browser ကို အင်စတော လုပ်ပြီးရင် ညာဘက်အပေါ်ထောင့်က Menu ကိုနှိပ်ပါ။ More > Settings > User Agent ထဲသွားပြီး User Agent ကို Desktop ပြောင်းပါ။


ဒါဆိုရင် Puffiin Browser ကနေ ၀က်ဆိုက်တွေကြည့်တိုင်း Desktop Version နဲ့ ပြပေးမှာဖြစ်ပါတယ်။ မိုဘိုင်းဗားရှင်းကို ပြန်အသုံးပြုချင်ရင် အပေါ်ကနည်းအတိုင်း User Agent ထဲသွားပြီး iPhone ကို ရွေးချယ်ပေးပါ။

Android
-----------
Google က Android ရဲ့ Default Browser ဖြစ်တဲ့ Chrome မှာ Desktop Version ကို အလွယ်တကူပြောင်းလဲနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ ၀က်ဆိုက်တစ်ခုကိုဖွင့်ပြီး ဖုန်းရဲ့ Menu ခလုတ်ကိုနှိပ်ပါ။ Request desktop site မှာ အမှန်ခြစ်ပေးပါ။

Chrome ရဲ့ အားနည်းချက်က iOS မှာလိုပဲ Desktop Version ကို အမြဲတမ်း Enable လုပ်လို့မရပါဘူး။ ဒီလိုလုပ်ဖို့အတွက် Puffin Web Browser ကိုပဲ အသုံးပြုနိုင်ပါတယ်။ Puffin Web Browser ကို Google Play Store မှာ အခမဲ့ အသုံးပြုနိုင်ပါတယ်။ ဘရောက်စာကို အင်စတော လုပ်ပြီးရင် ညာဘက်အပေါ်ထောင့်က Menu ကိုနှိပ်ပါ။ Settings ထဲသွားပြီး Mobile Browser Mode မှာ အမှန်ခြစ်ဖြုတ်ပေးပါ။


Windows Phone
--------------------
Windows Phone ရဲ့ Default Browser ဖြစ်တဲ့ Internet Explorer မှာ မိုဘိုင်းဗားရှင်းကို အမြဲတမ်း Disable လုပ်နိုင်ပါတယ်။ Internet Explorer ရဲ့ More > Settings > Website preference မှာ မိုဘိုင်းဗားရှင်း ကနေ Desktop Version ကို ပြောင်းလဲနိုင်ပါတယ်။


အရိုးရှင်းဆုံးနည်း
--------------------
မိုဘိုင်းဖုန်းများမှာ ၀က်ဆိုက်တစ်ခုရဲ့ Desktop Version ကို အသုံးပြုဖို့ အရိုးရှင်းဆုံးနည်းက ၀က်ဆိုက်မှာ Desktop Version ကို ပြောင်းနိုင်တဲ့ လင့် ကို နှိပ်တာဖြစ်ပါတယ်။

ဒါပေမယ့် ၀က်ဆိုက်တိုင်းမှာတော့ အဲဒီစွမ်းဆောင်ချက်ကို ထည့်ပေးထားခြင်းမရှိပါဘူး။ အဲဒီလိုအခြေအနေမှာ အပေါ်ကနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

သူရ
Myanmar Digital Life Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်