Thursday, November 15, 2012

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူး ချုပ် Mr.Wu Shumin ခေါင်းဆောင်သည့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လေ့လာရေးခရီးစဉ် လာရောက်

Posted by drmyochit Thursday, November 15, 2012, under | No comments


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူးချုပ် Mr.Wu Shumin ခေါင်းဆောင်သည့် အဖွဲ့ဝင် (၁၂) ဦးပါ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့အထိ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့သည်။
အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်း (၈) နာရီ အချိန်တွင် ရန်ကုန်မြို့မှ တဆင့် နေပြည်တော်လေဆိပ် သို့ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်၊ ဌာနချုပ်မှူး ဦးအောင်နိုင်ထွန်း၊ နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။ 
 ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး၊ နံနက်ပိုင်း ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ခန်းမသို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။
  ၎င်းနောက် တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူးချုပ် Mr.Wu Shumin ခေါင်းဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ညနေပိုင်း ၅ နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်ဂါရ၀ပြု တွေ့ဆုံသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ပါတီအကြံပေး ပုဂ္ဂိုလ် ဒေါက်တာချမ်းငြိမ်း၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဧည့်သည်တော် တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူးချုပ် Mr. Wu Shumin နှင့်အတူ Logistic Bureau, Party School CPC Central Committee Deputy Director General Mr. LIU Zhigang၊ Head of Retired Personnel Office, Publicity of CPC Central Committee Deputy Director Ms. WANG Ping၊ Research Division, Foreign Affairs Department Commission for Discipline Inspection of CPC Central Committee Director Mr.HAN Maochao၊ International Exchanges Division, Research Department, Macroeconomic Research Academy, National Development and Reform Commission Director Ms. Lu Jie၊ Training Department, China Executive Leadership Academy Pudong Deputy Director Mr. SHEN Jun၊ Deputy Director များဖြစ်ကြသော Mr. ChEN Junbo၊ Mr. ZHANG Qingsong၊ Mr. WANG Yongwei၊ Mr. YANG Chen နှင့် Project officer Mr. DUAN Baolong၊ Second Secretary Ms.LIU Hongxia Probationary Secretary Ms. WANG Siqi တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ခိုင်မာရေး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီ နှစ်ပါတီအကြား ချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဧည့်သည်တော် တရုတ်ကွန်မြူနစ်ပါတီ Centre for International Exchanges ညွှန်ကြားရေးမှူးချုပ် Mr. Wu Shumin နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး တက်ရောက်လာသော အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။ ညပိုင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက တရုတ်ဧည့်သည်တော် ညွှန်ကြားရေးမှူးချုပ် Mr. Wu Shumin ခေါင်းဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် တရုတ်ဧည့်သည်တော် အဖွဲ့သည် တည်းခိုရာ ဟိုတယ်သို့ ပြန်လည်ထွက်ခွာ၍ နေပြည်တော်၌ ညအိပ်ရပ်နားသည်။ ဧည့်သည်တော် တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်း ၇ နာရီ အချိန်တွင် နေပြည်တော်လေဆိပ်မှ မန္တလေးမြို့ သို့ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာသွားရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ တာဝန်ရှိသူများ က နေပြည်တော် လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ အဆိုပါ တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိ၍ ညနေပိုင်း တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး ရန်ကုန်မြို့၌ ညအိပ်ရပ်နားခဲ့သည်။ တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ လေ့လာရေး ခရီးဆက်လက် သွားရောက်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်