Thursday, November 15, 2012

စီဒီအမ်အေဖုန်းများ ထုတ်လုပ်ရောင်းချတော့မည် မဟုတ်

Posted by drmyochit Thursday, November 15, 2012, under | No comments


CDMA ဖုန်းများကို ထုတ်လုပ်ရောင်းချခြင်း ပြုလုပ်တော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “နောက်ပိုင်း 3G စနစ်ကိုပဲ အကောင်အထည် ဖော်တော့မှာပါ။ အဲဒီကမှ တစ်ဆင့် 4G စနစ်ကို ဆက်လက် ဖော်ဆောင်တော့မှာ ဖြစ်တဲ့အတွက် စနစ်ဟောင်းတွေကို မလုပ်တော့တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ လက်ရှိတွင် CDMA ဖုန်းများ ရောင်းချပေးခြင်းကို ရပ်ဆိုင်းထားလျက်ရှိပြီး CDMA 800MHz ဖုန်း အင်တာနက် လျှောက်ထားခြင်းကိုမူ အကန့်အသတ်မရှိ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ CDMA ဖုန်းများကို ၂၀၁၀ ခုနှစ်က ကျပ်ငါးသိန်း နှုန်းဖြင့် စတင်ရောင်းချပေးခဲ့ပြီး ယင်းဖုန်းများအနက် CDMA 800MHz ဖုန်းများမှာ လူကြိုက်များကာ ရန်ကုန်တွင် သုံးစွဲမှု အများဆုံး ဖုန်းအမျိုးအစားတစ်ခု ဖြစ်ခဲ့သည်။ သို့သော် နယ်မြေ ကန့်သတ်ချက်ဖြင့်သာ သုံးစွဲခွင့်ရရှိခဲ့၍ သုံးစွဲသူအချို့ ကျေနပ်မှုမရှိခဲ့ကြောင်း ၎င်းဖုန်းသုံးစွဲသည့် ဈေးကွက်မှ သိရသည်။ “၇၃ ကို အရမ်းကြိုက်ခဲ့ပါတယ်၊ ဒါကြောင့်လည်း ဝယ်ဖြစ်ခဲ့တာပါ၊ အခုတော့ ဒီဖုန်းဝယ်မိတာ စိတ်ပျက်သွားပါပြီ၊ ၃ နှစ်လောက် ရှိနေတာတောင် တစ်နိုင်ငံလုံး သယ်ဆောင် အသုံးပြုခွင့်မရဘူး၊ နှစ်သိန်းတန် ဂျီဖုန်းတောင်  ခရီးသွားလို့ ရတယ်၊ ၇၃ ဖုန်းကိုင်ပြီး ရန်ကုန်က မခွာဘဲ နေမှရမယ်” ဟု ဖုန်းသုံးစွဲသူ မဇာခြည်ဝင်းက ပြောသည်။ လက်ရှိတွင် CDMA ဖုန်းများတွင် CDMA 800MHz ဖုန်းတစ်မျိုးသာလျှင် သုံးစွဲမှုနှင့် ပြန်ရောင်းချနိုင်သည့် နှုန်းထား အနည်းငယ်ရှိနေပြီး CDMA 450 MHz ဖုန်းများမှာမူ အင်တာနက်စနစ် မရှိခြင်းကြောင့် ဖုန်းအရောင်းဈေးကွက်တွင် အရောင်းအဝယ်မှာ မရှိသလောက် နည်းပါးသွားကြောင်း မိုဘိုင်းဖုန်းဝယ်ရောင်းဈေးကွက်မှသိရှိရသည်။
  
 Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်