Thursday, November 15, 2012

ငလျင်ဒဏ်သင့် ပြည်သူများအား နိုင်ငံတော်နှင့် အာဏာပိုင်အဖွဲ့အစည်းများ၊စေတနာရှင် ပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေးလျက်ရှိ

Posted by drmyochit Thursday, November 15, 2012, under | No comments


၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၀၇ နာရီ ၄၂ မိနစ် ၃၈ စက္ကန့်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင်       စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်ခြေ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ရုံးအဆောက် အအုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ပျက်စီးခြင်း၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရသေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
 နိုဝင်ဘာ ၁၃ ရက်နေ့အထိ ငလျင်ဒဏ်ကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေမှာ အခြေခံပညာကျောင်း ၂၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃၅ ကျောင်း၊ ဘုရားစေတီပုထိုး ၄၅ ဆူ၊ ၀န်ထမ်းအိမ်ရာ ၅၅ လုံး၊ ဒေသခံပြည်သူများ၏နေအိမ် ၂၀၁ လုံး၊ ဆေးရုံဆေးပေးခန်း ၁၃ ခု၊ ရတနာသိင်္ဃတံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ ဆိပ်ခံ ဗောတံတား ၁ ခု၊ တာဝါတိုင်နှင့် ထရန်စဖော်မာ ၅ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အအုံ၊ ၀န်ထမ်းအိမ်ရာများကို နိုင်ငံတော်မှ ပြန်လည်တည်ဆောက် ပေးသွားမည်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဒေသခံများ၏ နေအိမ်များကို ငလျင်ဒဏ်ခံနိုင်သည့် တန်ဖိုးနည်း အိမ်ရာများအဖြစ် ပြန်လည်ဆောက်လုပ် ပေးခြင်းနှင့် ပျက်စီးသွားသည့် စေတီပုထိုးနှင့် သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများကို နိုင်ငံတော်နှင့် စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်းသိရသည်။
ယခုလတ်တလော အခြေအနေတွင်လည်း ငလျင်ဒဏ်ခံစားရသည့် မိဘပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးတို့ကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့များ ၊ ဒေသခံပြည်သူများ ၊ စေတနာရှင်ပြည်သူများ၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူထုလူတန်းစား အသီးသီးတို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အထူးကုဆရာဝန်ကြီးများ ပါဝင်ဖွဲ့စည်းထားသည့် ဆေးဝါးကုသရေး အထူးအဖွဲ့များ စေလွှတ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျှက် ရှိကြောင်းသိရသည်။

  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်